နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ကော့မှူး     နိုဝင်ဘာ   ၁၉

ကော့မှူးမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီ ၃၀ က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပ‌ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကျော်ဒေဝကအဖွင့် အမှာစကားပြောကြားသည်။

ဆက်လက်၍လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြား ရေးမှူး ဒေါ်စန္ဒာဝင်းက ကလေးသူငယ်ဆိုင်ရာပြုစုပျိုးထောင်ရေး နှင့်ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ မသန်စွမ်းသူများနှင့် သက်ရွယ်အိုများဘဝ မြင့်မားရေးလုပ်ငန်း၊ စီမံခန့်ခွဲရေးနှင့် စေတနာ့ဝန်ထမ်းထောက်ပံ့ ရေးနှင့်ပူးပေါင်းရေးလုပ်ငန်း၊ လူမှုကာကွယ်ရေးလုပ်ငန်းများကို ရှင်းလင်းပြောကြားပြီး မြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအတွင်းရေးမှူးက ကလေးသူငယ်အကြမ်းဖက်မှု၊ လျစ်လျူရှုမှု၊ ခေါင်းပုံဖြတ်မှု၊ လူကုန်ကူးမှုများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးသည်။     

 ကျော်သူရ(ကော့မှူး)






အခြားဆက်စပ်သတင်းများ