နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ယခုနှစ်ခုနစ်လအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁ ဒသမ ၄၅ ဘီလီယံဝင်ရောက်

ရန်ကုန်  နိုဝင်ဘာ  ၁၉

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ခုနစ်လ အတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၅၂ ခုက အမေရိကန်ဒေါ်လာ ၁ ဒသမ ၄၅ ဘီလီယံကျော် အထိဝင်ရောက် ကြောင်း သိရသည်။

ယခုဘဏ္ဍာနှစ်တွင် စင်ကာပူနိုင်ငံ က ရင်းနှီးမြှုပ်နှံမှုအများဆုံးဖြစ်ပြီး၊  စင်ကာပူနိုင်ငံလုပ်ငန်း ၁၄ ခုက ရင်းနှီး မြှုပ်နှံမှုပမာဏ အမေရိကန် ဒေါ်လာ ၁ ဒသမ ၁၅၄ ဘီလီယံအထိ ရှိသည်။

တရုတ်နိုင်ငံလုပ်ငန်း ၂၂ ခုလည်း ဝင်ရောက်ရင်းနှီးမြှုပ်နှံထားကာ အမေ ရိကန် ဒေါ်လာသန်း ၉၀ ကျော်ရှိပြီး၊ ထိုင်း၊ ဂျပန်၊ တရုတ် (တိုင်ပေ) နှင့် အိန္ဒိယနိုင်ငံတို့ကလည်း လာရောက် ရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။

ဘဏ္ဍာနှစ် ခုနစ်လတာအတွင်း စွမ်းအင်ကဏ္ဍ ရင်းနှီးမြှုပ်နှံမှုအများဆုံး  ဖြစ်ပြီး၊ အမေရိကန်ဒေါ်လာ သန်း ၈၁၀ ကျော် အထိရှိသည်။ ဝန်ဆောင်မှုကဏ္ဍ တွင် အမေရိကန်ဒေါ်လာ သန်း ၄၁၀ ကျော်ရှိပြီး ကုန်ထုတ်လုပ်မှုကဏ္ဍတွင်  သန်း ၁၈၀ ခန့်ရှိသည် ။ 

        CN - 033






အခြားဆက်စပ်သတင်းများ