နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မူဆယ် ၁၀၅ မိုင်ဇုန်မှ ရေထွက်ပို့ကုန်နှစ်မျိုး ခြောက်လအတွင်း ကန်ဒေါ်လာ ၄၄ သန်းကျော် တင်ပို့

ရန်ကုန်  နိုဝင်ဘာ  ၁၉

မူဆယ်  ၁၀၅  မိုင်ကုန်သွယ်ရေးဇုန်မှ ရေထွက်ပို့ကုန်နှစ်မျိုး တင်ပို့မှုသည် ခြောက်လတာအတွင်း ကန်ဒေါ်လာ ၄၄ ဒသမ ၉၂၇ သန်းအထိ ရရှိထားသည်။

ကဏန်းနှင့် ငါးရှဉ့် ပို့ကုန်နှစ်မျိုးကို  ယခုနှစ် ဇွန် ၂၀ ရက်မှ နိုဝင်ဘာ ၁၃ ရက်အထိ ကဏန်းတန်ချိန် ၃၀၀၀ ကျော်နှင့် ငါးရှဉ့်တန်ချိန် ၈၀၀၀ ကျော် တင်ပို့ခဲ့ခြင်း ဖြစ်သည်။

တရုတ်နိုင်ငံသို့ကဏန်း ၃၈၀၇ ဒသမ ၇၈၈ တန်တင်ပို့ခဲ့ရာ ကန်ဒေါ်လာ  ၁၅ ဒသမ ၇၇၂ သန်းနှင့် ငါးရှဉ့်တန်ချိန် ၈၂၇၈ ဒသမ ၅၂ တန်မှ ကန်ဒေါ်လာ ၂၉ ဒသမ ၁၅၅ သန်း ရရှိခဲ့သည်။

ကဏန်း၊ ငါးရှဉ့်အဓိကထွက်သည့် ရန်ကုန်၊ ဧရာဝတီ၊ ပဲခူးနှင့် မန္တလေး တိုင်းဒေသကြီးတို့အပြင် ရခိုင်ပြည်နယ် ရှိ ကုန်စည်ဒိုင်များမှ မူဆယ်  ၁၀၅ မိုင် လမ်းကြောင်းမှ တရုတ်နိုင်ငံသို့ တင်ပို့ ခဲ့ခြင်းဖြစ်သည်။

မြန်မာ- တရုတ်နယ်စပ်ဒေသ ကုန်သွယ်မှုများအတွက် ငွေပေးချေမှု ကို ယွမ်ငွေနှင့် ကန်ဒေါ်လာများဖြင့်ဆောင်ရွက်လျက်ရှိသည်။ ပဲ၊ ပြောင်း၊ နှမ်း၊ မြေပဲဆန်တို့ကို ဒေါ်လာဖြင့် ဆောင်ရွက်ခွင့်ပြုပြီး ဆန်၊ ဆန်ကွဲနှင့်  အခြားလယ်ယာထွက်ကုန်ပစ္စည်းများ နှင့် ကဏန်း၊ ငါးရှဉ့်တို့ကို ယွမ်ငွေဖြင့် ဆောင်ရွက်ခွင့် ပြုထားသည်။

အောင်မြင့်ဌေး (မြို့တော်သတင်း)






အခြားဆက်စပ်သတင်းများ