နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လသာမြို့နယ်၊ ရန်ကုန်ဆေးရုံကြီးဝန်ကျင် သန့်ရှင်းသာယာသပ်ရပ်စေရေးဆောင်ရွက်

လသာမြို့နယ်၊ ရန်ကုန်ဆေးရုံကြီးဝန်ကျင် သန့်ရှင်းသာယာသပ်ရပ်စေရေးအတွက် နိုဝင်ဘာ ၁၈ ရက်၊ နံနက်ပိုင်းက မြို့နယ်စည်ပင် သာယာအုပ်ချုပ်ရေးမှူး ဦးစီး မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးနှင့် တွဲဖက်ဝန်ထမ်းများ ပူးပေါင်းအင်အား ၃၉ ဦးဖြင့် အမှတ် ၉ ရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း (ဆေးရုံကြီးအလယ်ပေါက်မှ ဆေးရုံအုပ်ကြီးရုံးခန်းရှေ့အထိ) အမှိုက်များ ရှင်းလင်းခြင်း၊ အရိပ်ရအပင် များ၏ အောက်တက်များ ရှင်းလင်းခြင်း၊ အုပ်မိုးကိုင်းများ ခုတ်ထွင်ရှင်းလင်းဖြတ်ညှိ ပုံသွင်းအလင်းဖွင့်ခြင်း၊ စင်္ကြံကတ်တုံးများ ချေးချွတ်ရေဆေးကြောခြင်း၊ ရေမြောင်းအတွင်းရှိ အမှိုက်နှင့် မြောင်းချေးများ ဆယ်ယူရှင်းလင်းခြင်း၊ ဖြတ်မြောင်း နှာပေါက်များအတွင်းရှိ အမှိုက်၊ သဲ၊ ခဲများ ရှင်းလင်းခြင်း၊ အခြားအမြင်မတင့်တယ်မှုများအား ရှင်းလင်းခြင်း၊ ထွက်ရှိလာသော အမှိုက်များအား ယာဉ် နှစ်စီးဖြင့် သယ်ယူစွန့်ပစ်ခြင်းများ ဆောင်ရွက်ခဲ့စဉ်။

ယဉ်မွန်






အခြားဆက်စပ်သတင်းများ