နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အခြေခံပညာစာသင်ကျောင်းများ၌ စနေအထူးလုပ်အားပေးဆောင်ရွက်နေမှု ဒုတိယမြို့တော်ဝန် ဦးညီညီ ကွင်းဆင်းကြည့်ရှုအားပေး

ရန်ကုန်   နိုဝင်ဘာ   ၁၉

ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီ၊ ဒုတိယ ဥက္ကဋ္ဌ (ဒုတိယမြို့တော်ဝန်) ဦးညီညီသည် အတွင်းရေးမှူး ဦးညွန့်ဖေ၊ ကော်မတီဝင်များ၊ ဌာနမှူးများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်း က ရန်ကင်းမြို့နယ်၊ ၁၄ ရပ်ကွက်၊ ကျောက်ကုန်းလမ်းရှိ အမှတ် ၂ အခြေခံပညာအထက် တန်းကျောင်း၊ တောင်ဥက္ကလာပ မြို့နယ်၊ ၃ ရပ်ကွက်၊ ၅ လမ်းနှင့် ၆ လမ်းအကြား အမှတ် ၂၄ အခြေခံပညာ မူလတန်းကျောင်း၊ တာမွေမြို့နယ်၊ ကျားကွက်သစ် ရပ်ကွက်၊ မလွှကုန်းလမ်းရှိ အမှတ် ၇ အခြေခံပညာ မူလတန်း ကျောင်း၊ ဒေါပုံမြို့နယ်၊ လမုတန်း ရပ်ကွက်၊ သင်္ဘောကျင်းလမ်းရှိ အမှတ် ၇ အခြေခံပညာ မူလတန်း ကျောင်းနှင့် သာကေတမြို့နယ်၊ ၁၀ ရပ်ကွက်၊ ၇ ဈေးလမ်း ရှိ အမှတ် ၄၁ အခြေခံပညာ မူလတန်းကျောင်းတို့၌ သန့်ရှင်း သာယာသပ်ရပ်စေရန် စနေ အထူး လုပ်အားပေးဆောင်ရွက် နေမှုတို့ကို လိုက်လံကြည့်ရှု အားပေးပြီး ကျောင်းများအတွင်း အမှိုက်၊ မိလ္လာရေဆိုးများမှအနံ့ ဆိုးများ ကင်းစင်စေရန်၊ ပိုးမွှား များ ပေါက်ပွားမှုမရှိစေရန်နှင့် ကျန်းမာရေး အထောက်အကူပြု နိုင်ရန် သက်ဆိုင်ရာကျောင်းအုပ် ဆရာမကြီးအား ဇီဝသဘာဝ အနံ့ဆိုးပျောက် ပိုးမွှားကင်းစင် ဆေး အနောက်၊ အကြည်နှင့် အမှုန့်တို့ကိုပါ ပေးအပ်၍အသုံး ပြုနည်းကိုပါ မှာကြားပြသပေး သည်။

အဆိုပါ ကျောင်းများတွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် စည်ပင်သာယာအုပ်ချုပ် ရေးမှူးတို့၏ ကြီးကြပ်မှုဖြင့်ဌာန ဆိုင်ရာဝန်ထမ်းများ၊ လူမှုရေး အသင်းအဖွဲ့များ၊ ရပ်ကွက်နေ ပြည်သူများ ပူးပေါင်း၍ မြက်ပင် ချုံနွယ်များ ခုတ်ထွင်ရှင်းလင်း ခြင်း၊ အုပ်မိုးကိုင်းများခုတ်ထွင် ရှင်းလင်း ဖြတ်ညှိပုံသွင်းအလင်း ဖွင့်ခြင်း၊ ကျောင်းအဆောက်အဦ နှင့် မလွတ်ကင်းသည့် သစ်ပင်၊ သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်း ခြင်း၊ တွယ်ကပ်ပင်များရှင်းလင်း  ခြင်း၊ ကျောင်းဝင်းအတွင်း၊အပြင် ရေမြောင်းများ      ရေစီးရေလာ ကောင်းမွန်စေရန် အမှိုက်နှင့် မြောင်းချေးများ ဆယ်ယူရှင်းလင်းခြင်း၊ သွေးလွန် တုပ်ကွေးရောဂါ ကြိုတင်ကာကွယ် နိုင်ရန် ခြင်ဆေးမှုတ်ခြင်း၊ ကျောင်း များရှိ ရေစည်၊ ရေကန်များ အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်ခြင်း၊ ကျောင်းတွင်း၊ ကျောင်းပြင် သန့်ရှင်းရေး ပြုလုပ်ခြင်းများ ဆောင်ရွက်နေမှုကို သက်ဆိုင် ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် ခရိုင်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးများကလည်း ကြပ်မတ် ဆောင်ရွက်လျက်ရှိရာ ဒုတိယမြို့တော်ဝန်က ကျောင်း ရေရှည် သန့်ရှင်းသာယာသပ်ရပ် ရေး၊ ကျောင်းအဆောက်အဦ များ ကြံ့ခိုင်ကောင်းမွန်ရေးနှင့် ကျောင်းသူ၊ ကျောင်းသားများ ကျောင်းနေပျော်၍ စာတော်စေ ရန် ပတ်ဝန်းကျင်ကောင်းဖန်တီး ပေးနိုင်ရေးတို့အတွက် တာဝန်ရှိ သူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။

သတင်း - သွင်မောင်မောင် 

ဓာတ်ပုံ - ဉာဏ်လင်းထက်






အခြားဆက်စပ်သတင်းများ