နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
၂၀၂၂-၂၃ ခုနစ်လအတွင်း ရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာသန်း ၁၄၀၀ ကျော်ရှိ

ရန်ကုန် နိုဝင်ဘာ ၁၈

မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ခဲ့ရာ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာမှ ၂၀၂၂ ခုနှစ် မတ်လကုန်အထိ ပြည်ပ ရင်းနှီးမြှုပ်နှံမှုသည် ဝန် ဆောင်မှုကဏ္ဍနှင့် စက်မှုကဏ္ဍ အပါအဝင် စုစုပေါင်းကန်ဒေါ်လာ သန်း ၆၅၀ ခန့်ရှိသည်ဟု သိရ သည်။

၂၀၂၂-၂၀၂၃၊ ဧပြီ ၁ ရက်မှ အောက်တိုဘာအထိ ခုနစ်လ အတွင်း အမေရိကန်ဒေါ်လာ သန်း ၁၄၀၀ ကျော်ရှိသည်။

အဆိုပါ ပမာဏမှာ လုပ် ငန်းပေါင်း ၅၂ ခုအတွက်ဖြစ်ပြီး စွမ်းအင်ကဏ္ဍတွင် ကန်ဒေါ်လာ သန်း ၈၁၀ ကျော်ရှိပြီး ဝန်ဆောင် မှုကဏ္ဍတွင် ကန်ဒေါ်လာသန်း ၄၁၀ ကျော်နှင့် ကုန်ထုတ်လုပ်မှု ကဏ္ဍတွင် ကန်ဒေါ်လာ သန်း ၁၈၀ ဝန်းကျင်အထိရှိသည်။

စင်ကာပူနိုင်ငံက လုပ်ငန်း ၁၄ ခုအတွက် အမေရိကန် ဒေါ်လာ ၀ ဒသမ ၁၅၄ ဘီလီယံ ဖြင့် အများဆုံးဖြစ်ပြီး တရုတ် နိုင်ငံက လုပ်ငန်း ၂၂ ခုအတွက် သန်း ၉၀ ကျော် ရင်းနှီးမြှုပ်နှံ ထားသည်။

အောင်မြင့်ဌေး (မြို့တော်သတင်း)






အခြားဆက်စပ်သတင်းများ