နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြန်မာနိုင်ငံတွင် ဘိန်းအစားထိုး ချောက်ကောသီးနှံစိုက်ပျိုးမှု အောင်မြင်ဟု တရုတ်သံရုံး ထုတ်ပြန်

ရန်ကုန် နိုဝင်ဘာ ၁၈

အာရှတိုက်ဒေသတွင်း ပူး ပေါင်းဆောင်ရွက်မှု အထူးရန်ပုံ ငွေစီမံကိန်း - သိပ္ပံနည်းပညာ အထောက်အပံ့ဖြင့် မြန်မာနိုင်ငံ တွင် ဘိန်းအစားထိုး ချောက်ကော သီးနှံစိုက်ပျိုးရေးကို မြန်မာနိုင်ငံ မြောက်ပိုင်းဒေသတွင် ဆောင် ရွက်ခဲ့ရာ ကချင်ပြည်နယ် အထူး ဒေသ ၁ မြစ်ကြီးနားခရိုင်တွင် ချောက်ကော ဧက ၃၀၀၀၀ ကျော် (အပင် ၁၂ သန်းကျော်) စိုက်ပျိုးခဲ့ရာ စီမံကိန်း ပူးပေါင်း ဆောင်ရွက်သည့် လုပ်ငန်းရှင် က ချောက်ကောတန်ချိန် ၈၀၀ ကျော် (ယွမ် ၁၅ သန်း) တန်ဖိုး ဝယ်ယူကြောင်း သိရသည်။

တရုတ်-မြန်မာ နယ်စပ် ဒေသတွင် ချောက်ကောထုတ် လုပ်မှုလုပ်ငန်းကို ၂၀၂၁ ခုနှစ်မှ စ၍ တရုတ်နိုင်ငံ အပူပိုင်း စိုက်ပျိုးရေးသိပ္ပံ အကယ်ဒမီ အမွှေးနံ့သာ၊ အဖျော်ယမကာ လေ့လာရေးဌာနက အာရှတိုက် ဒေသတွင်း ပူးပေါင်းဆောင်ရွက် မှု အထူးရန်ပုံငွေစီမံကိန်းဖြစ် သည့် "မဲခေါင်မြစ်ဝှမ်းဒေသခွဲ ငရုတ်ကောင်းနှင့် ချောက်ကော အထူးဟင်းခတ် အမွှေးအကြိုင် သီးနှံများဆိုင်ရာ လုပ်ငန်းနည်း ပညာ သရုပ်ပြခြင်းနှင့် မြှင့်တင် ခြင်း" အမည်ရှိ စီမံကိန်းကို စီးပွားရေး လုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

008






အခြားဆက်စပ်သတင်းများ