နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကင်းမြို့နယ်အတွင်း သန့်ရှင်းသာယာသပ်ရပ်စေရေးဆောင်ရွက်

ရန်ကင်းမြို့နယ်အတွင်း သန့်ရှင်းသာယာသပ်ရပ်စေရေးအတွက် မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူး၏ ကြီးကြပ်မှုဖြင့် စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၁၈ ရက်၊ နံနက် ပိုင်းက မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးနှင့် ဌာနများမှတွဲဖက်ဝန်ထမ်းများ ပူးပေါင်း အင်အား ၃၀ ဦးဖြင့် ၁၂ ရပ်ကွက်၊ သစ္စာလမ်းရေမြောင်း ရေစီးရေလာကောင်းမွန်စေရေးအတွက်  မြောင်းအတွင်းရှိ အမှိုက်နှင့် မြောင်းချေးများဆယ်ယူရှင်းလင်းခြင်း၊ ရေမြောင်းအတွင်းစီးဝင်သည့် ဖြတ်မြောင်း နှာပေါက်များအတွင်းရှိ အမှိုက်၊ သဲ၊ ခဲများ ရှင်းလင်းခြင်း၊ ၁၆ ရပ်ကွက်၊ မိုးကောင်းလမ်း၊  ဘောက်ထော်တြိဂံရှိ အုန်းနှဲပင်များဖြတ်ညှိပုံသွင်းခြင်း၊ မြက်ခင်းပြင်အနားသတ်ပြုပြင်ခြင်း၊ စက်မှု ၁ လမ်းတစ်လျှောက်အမှိုက်၊ သဲ၊ ခဲ မြက်များရှင်းလင်း၍ သန့်ရှင်းရေးပြုလုပ်ခြင်းတို့ ဆောင်ရွက်ကြစဉ်။


ယဉ်မွန်






အခြားဆက်စပ်သတင်းများ