နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပန်းဘဲတန်းမြို့နယ်အတွင်း သန့်ရှင်းသာယာသပ်ရပ်စေရေးဆောင်ရွက်

ပန်းဘဲတန်းမြို့နယ်အတွင်း သန့်ရှင်းသာယာသပ်ရပ်စေရေးအတွက် မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူး၏ ကြီးကြပ်မှုဖြင့် စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၁၈ ရက်၊ နံနက် ပိုင်းက မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးနှင့်ဌာနများမှ တွဲဖက်ဝန်ထမ်းများ ပူးပေါင်း  အင်အား ၂၉ ဦးဖြင့် ၂ ရပ်ကွက်နှင့် ၄ ရပ်ကွက်အကြား၊ ကုန်ဈေးတန်းလမ်း (အနော်ရထာလမ်း နှင့် မဟာဗန္ဓုလလမ်းအကြား) ရေမြောင်းအတွင်းရှိ အမှိုက်နှင့်နုန်းများ ဆယ်ယူရှင်းလင်းခြင်း၊ ၁၀ ရပ်ကွက် အနော်ရထာလမ်း(ဆူးလေဘုရားလမ်းနှင့် ၃၂ လမ်းအကြား) လူသွားစင်္ကြံဖြတ်မြောင်း နှာပေါက်များအတွင်းရှိ အမှိုက်၊ သဲ၊ ခဲများရှင်းလင်းခြင်း ၊စည်းကမ်းမဲ့ကြော်ငြာများ ဖြုတ်သိမ်းခြင်း၊ အပင်များမှ အန္တရာယ်ရှိအကိုင်းအခက်များနှင့် အောက်တက်ပင်များအား ခုတ်ထွင်ရှင်းလင်းခြင်းများဆောင်ရွက်ကြစဉ်။               

ယဉ်မွန်






အခြားဆက်စပ်သတင်းများ