ရန်ကုန်၊ နိုဝင်ဘာ ၁၇
ထိုင်းနိုင်ငံ၊ ဖေ့ချ်ဘူရီခရိုင်၊ ဖစ်ကဆဲန် အဝေးပြေးလမ်းမကြီးတွင် မြန်မာနိုင်ငံသား သုံးဦး မောင်းနှင်စီးနင်းလာသည့် ကိုယ်ပိုင်ယာဉ်သည် ဓာတ်တိုင်ဝင်တိုက်၍ သုံးဦးလုံး သေဆုံးသွားသည်။
နိုဝင်ဘာ ၁၄ ရက်၊ မွန်းလွဲ ၂ နာရီခွဲကျော်ခန့်က အသက် ၃၂ နှစ် အရွယ် ယာဉ်မောင်းသည် ယာဉ်အတွင်း ညှပ်နေသဖြင့် လူမှုကူညီရေး အသင်းများက အချိန်မီကယ်ထုတ်၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့သော် လည်း ဆေးရုံအရောက်တွင် သေဆုံးသွားသည်။
015