ရန်ကုန်၊ နိုဝင်ဘာ ၁၇
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များသည် သတင်း အရ သက်သေများနှင့်အတူ နိုဝင်ဘာ ၁၅ ရက်က ဒေါပုံမြို့၊ ယမုံနာ ၂ ရပ်ကွက်၊ နေအိမ်အတွင်းသို့ ဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်း စိတ်ကြွရူးသွပ်ဆေးပြား ၁၇၅၀၀၀ ပြား (ဒေသကာလပေါက်ဈေး တန်ဖိုးငွေ ကျပ်သိန်း ၁၇၅၀) နှင့် လက်ကိုင်ဖုန်း တစ်လုံးတို့ကို တွေ့ရှိ သိမ်းဆည်းရမိသည်။
ထို့ကြောင့် ဦး...... ၄၈ နှစ်ကို ဒေါပုံမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါး နှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆင်းများ ဖော်ထုတ်လျက်ရှိကြောင်းသိရသည်။
AKO