နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ နယ်စပ်ဂိတ် နှစ်ခုမှ ကုန်သွယ်မှု ကန်ဒေါ်လာ ယခင်နှစ်ထက် ပိုငွေရရှိ

ရန်ကုန်၊ နိုဝင်ဘာ ၁၇

မြန်မာ့ စိုက်ပျိုးထုတ်ကုန်များ အတွက် ကချင်ပြည် ကန်ပိုက်တီး နှင့် လွယ်ဂျယ် - လိုင်းရင်းနယ်စပ် ဂိတ် နှစ်ခုသည် ယခုနှစ်အတွင်း ကုန်သွယ်မှု ပိုငွေရရှိခဲ့သည်။

၂၀၂၂-၂၀၂၃ ဧပြီ ၁ ရက် မှ နိုဝင်ဘာ ၄ ရက်အထိ ယင်း နယ်စပ်ဂိတ်နှစ်ခုမှ ပိုငွေ အမေရိကန်ဒေါ်လာ ၁၇ ဒသမ ၈၄၁ သန်းအထိ ရရှိကြောင်းသိရ သည်။

ကန်ပိုက်တီ နယ်စပ်ဂိတ်က ကန်ဒေါ်လာ ၄၄ ဒသမ ၉၁၄ သန်း ရရှိခဲ့၍ ၂၀၂၁ ခုနှစ်ကထက် ၁၃ ဒသမ ၃၇၈ သန်း ပိုငွေရရှိခဲ့ သည်။

အလားတူပင် လွယ်ဂျယ် - လိုင်းရင်းနယ်စပ်ဂိတ်က ကန် ဒေါ်လာ ၇၄ ဒသမ ၃၅၃ သန်း ရရှိခဲ့၍ ယခင်နှစ်ထက် ကန် ဒေါ်လာ ၄ ဒသမ ၄၆၄ သန်း ပိုငွေ ရခဲ့သည်။

ကန်ပိုက်တီနယ်စပ်ဂိတ်က ဒေသထွက် စိုက်ပျိုးသီးနှံကုန် ကားအစီးရေ ၂၅၀ ကျော် အခြား ဒေသမှ စိုက်ပျိုးသီးနှံ ကုန်ကားစီး ရေ ၁၅၀ ကျော်ဖြင့် ပို့ဆောင် လျက်ရှိကြောင်း၊ တရုတ်နိုင်ငံမှ စားသောက်ကုန်၊ လူသုံးကုန်၊ လျှပ်စစ်ပစ္စည်းနှင့် ဆောက်လုပ် ရေးလုပ်ငန်းသုံးပစ္စည်းကိရိယာ များ ကုန်ကားအစီးရေ ၁၀၀ ကျော်ဖြင့် ပြန်လည်ဝင်ရောက် ကြောင်း သိရသည်။

အလားတူ လွယ်ဂျယ်စခန်းမှ ဆန်၊ ဆန်ကွဲ အပါအဝင် တစ်သျှူး ငှက်ပျော၊ ပြောင်း၊ ဖရဲသီး၊ ရော်ဘာနှင့် ထီးချိုင့်၊ ကသာ၊ ဗန်းမော်မြို့မှ ထွက်ရှိသည့် သီးနှံ မျိုးစုံကို တရုတ်နိုင်ငံသို့ အစီးရေ ၄၀၀ ကျော်အထိ တင်ပို့ခဲ့ပြီး၊ တရုတ်နိုင်ငံမှ အဝတ်အထည်၊ ကုန်ခြောက်၊ ဆောက်လုပ်ရေး ပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ လူသုံး အိမ်သုံးပစ္စည်းများကို ကားအစီး ရေ ၁၅၀ ပြန်လည်တင်သွင်းခဲ့ ကြောင်း သိရသည်။ 

အောင်မြင့်ဌေး






အခြားဆက်စပ်သတင်းများ