နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တာမွေမြို့နယ်အတွင်း သန့်ရှင်းသာယာသပ်ရပ်ရေးနှင့် ယာဉ်စည်းကမ်းလမ်းစည်းကမ်း ကောင်းမွန်စေရေး

တာမွေမြို့နယ်အတွင်း သန့်ရှင်းသာယာသပ်ရပ်ရေးနှင့် ယာဉ်စည်းကမ်းလမ်းစည်းကမ်း ကောင်းမွန်စေရေးအတွက် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး၏ကြီးကြပ်မှုဖြင့် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၁၆ ရက်နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး နှင့် ဌာနများမှတွဲဖက်ဝန်ထမ်းများ ပူးပေါင်းအင်အား ၃၅ ဦးဖြင့် အရှေ့မြင်းပြိုင်ကွင်းလမ်း၊ ရွှေထွဋ် တင်ကွင်းရှေ့အုတ်ရေမြောင်းအတွင်း ပိတ်ဆို့နေသည့်မြေသားနှင့် နုန်းများ တူးဖော်ရှင်းလင်းခြင်း၊ လူသွားစင်္ကြံကတ်တုံးများ ချေးချွတ်ရေဆေးကြောခြင်း၊ အမှိုက်၊ သဲ၊ ခဲများရှင်းလင်းခြင်း၊ ကျိုက္ကဆံ လမ်းအမှတ် ၅ အခြေခံပညာကျောင်းရှေ့ သစ်ပင်အောက်တက်နှင့် အုပ်မိုးကိုင်းများ ခုတ်ထွင်ရှင်းလင်း ပုံသွင်းဖြတ်ညှိခြင်း၊ အရိုးကုန်းရပ်ကွက်၊ ဒေါ်ဘွင့်လမ်းတစ်လျှောက် စည်းကမ်းမဲ့စွန့်ပစ်အမှိုက်များ၊ သစ်ရွက်ကြွေများရှင်းလင်းခြင်း သတိပဌာန်လမ်းနှင့် ကျိုက္ကဆံလမ်းထောင့်တွင် အနှေးယာဉ် (လူစီး) ဆိုက်ကား ၃၀ စီးကို ရောင်ပြန်စတေကာများ တပ်ဆင်ပေးခြင်းနှင့် ယာဉ်စည်းကမ်းလမ်းစည်းကမ်း လိုက်နာစေရေး အသိပညာပေးဆောင်ရွက်ကြစဉ်။                     

ယဉ်မွန်






အခြားဆက်စပ်သတင်းများ