နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လသာမြို့နယ်၊ ရန်ကုန်ဆေးရုံကြီးဝန်းကျင် သန့်ရှင်းသာယာသပ်ရပ်စေရေး

လသာမြို့နယ်၊ ရန်ကုန်ဆေးရုံကြီးဝန်းကျင် သန့်ရှင်းသာယာသပ်ရပ်စေရေးအတွက် နိုဝင်ဘာ ၁၆ ရက်နံနက် ပိုင်းက မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးဦးစီး မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးနှင့် ဌာနများမှ တွဲဖက်ဝန်ထမ်းများပူးပေါင်းအင်အား ၅၅ ဦးဖြင့် အမှတ် ၉ ရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်း လမ်း (လမ်းမတော်လမ်းနှင့် ဆေးရုံကြီးကားဝင်ပေါက်ကြား) နှင့် အမှတ် ၁၀ ရပ်ကွက်၊ လမ်းမတော် လမ်း (လမ်းမတော်ဘူတာခုံးတံတားနှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းကြား) အမှိုက်များရှင်းလင်းခြင်း၊ အရိပ်ရအပင်များ၏ အောက်တက်များရှင်းလင်းခြင်း၊ အုပ်မိုးကိုင်းများ ခုတ်ထွင်ရှင်းလင်းဖြတ်ညှိ ပုံသွင်းအလင်းဖွင့်ခြင်း၊ စင်္ကြံကတ်တုံးများ ချေးချွတ်ရေဆေးကြောခြင်း၊ ဖြတ်မြောင်းနှာပေါက်များ အတွင်းရှိ အမှိုက်၊ သဲ၊ ခဲများရှင်းလင်းခြင်း၊ အခြားအမြင်မတင့်တယ်မှုများအား ရှင်းလင်းခြင်း၊ ထွက်ရှိ လာသောအမှိုက်များကို ယာဉ်နှစ်စီးဖြင့် သယ်ယူစွန့်ပစ်ခြင်းများ ဆောင်ရွက်ကြစဉ်။           

  ယဉ်မွန်






အခြားဆက်စပ်သတင်းများ