နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သန်လျင်မြစ်ကူး အမှတ် ၃ တံတားသစ် ၉၂ ရာခိုင်နှုန်း ပြီးစီး

ရန်ကုန်၊ နိုဝင်ဘာ ၁၇

ရန်ကုန်တိုင်းဒေသကြီး သန်လျင်နှင့် သာကေတမြို့နယ် သို့ ဆက်သွယ်ရန် ဆောက်လုပ် ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာနနှင့် ဂျပန်နိုင်ငံ JICA တို့ပူးပေါင်း၍ Joint Venture of Nippon Koei ကုမ္ပဏီကြီးက အဓိကတာဝန် ယူ၍ ဆက်စပ်ကုမ္ပဏီခုနစ်ခု တို့နှင့် ပူးပေါင်းကာ တည်ဆောက် လျက်ရှိသော၊ သန်လျင်မြစ်ကူး တံတားအမှတ် ၃စီမံကိန်းသည် ယခုအခါ တည်ဆောက် မှု ၉၂ ရာခိုင်နှုန်း ပြီးစီးနေကြောင်း သိရသည်။ 

အဆိုပါတံတားကြီး တည် ဆောက်နေသည့် လမ်းကြောင်း သည် ရန်ကုန်မြို့သို့ အတိုဆုံး ချိတ်ဆက်နိုင်သည့် လမ်း ကြောင်းဖြစ်ရာ နောင်လာမည့် နှစ်ပေါင်း ၂၀ ၊ ၃၀ အတွင်း သီလဝါ အထူးစီးပွားရေးဇုန် ၏ ကုန်စည်စီးဆင်းမှုသည် ယခုထက် ပိုများလာမည်ဖြစ် ၍ ကုန်တင်ယာဉ်ကြီးများနှင့် ကုန်စည်များ၊ လျင်မြန်စွာ သယ်ယူ ပို့ဆောင်နိုင်ရန် ရည်ရွယ်ထားသည်။

တည်ဆောက်ရေးလုပ်ငန်း များကို ဂျပန်နိုင်ငံ JICA  အဖွဲ့၏ ချေးငွေ ယန်း ၃၁ ဘီလီယံဖြင့် တည်ဆောက်ခြင်းဖြစ်သည်။

ပင်မ ချဉ်းကပ်လမ်း အပါအဝင် စုစုပေါင်းအရှည် မီတာ ၃၅၀၀ နှင့် ယာဉ်ကြော လေးလမ်းသွားပါဝင်ပြီး ခံနိုင် ဝန်အား အချင်း ၇၅ တန်ရှိ ကြောင်း သိရသည်။

အောင်မြင့်ဌေး






အခြားဆက်စပ်သတင်းများ