နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လီဗာပူးတိုက်စစ်မှူး ဖာမီနိုကို သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန် ဆွေးနွေးမှုပြုလုပ်

နိုဝင်ဘာ ၁၅

လီဗာပူးအသင်း နည်းပြ ကလော့ပ်က တိုက်စစ်မှူး ဖာမီနို ကို သက်တမ်းတိုးစာချုပ် ချုပ်ဆို နိုင်ရန်အတွက် ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း ပြောကြားခဲ့ သည်။

ဖာမီနိုသည် ၂၀၁၅ ခုနှစ်က ဟော်ဖန်ဟိမ်းအသင်းမှ လီဗာပူး အသင်းသို့ ပြောင်းရွှေ့ကစားခဲ့ သူဖြစ်ပြီး အသင်းနှင့် စာချုပ် သက်တမ်း တစ်နှစ်သာ ကျန်ရှိ တော့သည့်အတွက် သက်တမ်း တိုးစာချုပ် ချုပ်ဆိုရန် ဆွေးနွေး မှုများ ပြုလုပ်နေခြင်းဖြစ်သည်။

"ဖာမီနိုက အသင်းအတွက် အရေးပါတဲ့ ကစားသမားတစ်ဦး ပါ။ သူ့ကို လာမယ့်ဘောလုံးရာသီ တွေမှာလဲ ကျွန်တော်တို့လိုအပ် ပါတယ်။ အခု သူ့ကို သက်တမ်း တိုးစာချုပ် ချုပ်ဆိုနိုင်ဖို့အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေပါ တယ်။ မကြာခင် အပြီးသတ် သက်တမ်းတိုးစာချုပ် ချုပ်ဆို နိုင်မယ်လို့ ယုံကြည်ပါတယ်"ဟု နည်းပြ ကလော့ပ်ကပြောသည်။

အသက် ၃၁ နှစ်အရွယ်ရှိ တိုက်စစ်မှူး ဖာမီနိုသည် ပြီးခဲ့ သည့် ဘောလုံးရာသီက မာနေး၊ ဆာလာတို့နှင့် တွဲဖက်ပြီး အကောင်းဆုံး ခြေစွမ်းပြသနိုင် ခဲ့သကဲ့သို့ ယခုနှစ် ဘောလုံး ရာသီတွင်လည်း ဒါဝင်နူနက်၊ ဆာလာတို့နှင့် တွဲဖက်ကာ အသင်းတိုက်စစ်ပိုင်းကို ဦးဆောင် နေပြီး နည်းပြ ကလော့ပ် အားထားရသည့် ကစားသမား တစ်ဦးဖြစ်သည့်အတွက် လီဗာ ပူးအသင်းက သက်တမ်းတိုး စာချုပ် ချုပ်ဆိုရန် ကမ်းလှမ်းမှု ပြုလုပ်နေခြင်းဖြစ်သည်။

သူရိန်






အခြားဆက်စပ်သတင်းများ