ညောင်တုန်း ဇွန် ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ပညာသင်နှစ်၊ စတုတ္ထတန်း (Grade-4) သင်ရိုးသစ်နည်းပြသင်တန်းကို ဇွန် ၁၂ ရက် နံနက် ၉နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ လှိုင်ပညာခန်းမ၌ ပြုလုပ်ခဲ့သည်။
မြို့နယ်အဆင့် စတုတ္ထတန်း (Grade-4) သင်ရိုးသစ်ကို အခြေခံပညာဦးစီးဌာန (ရုံးချုပ်) မှ Online Training အဖြစ် သင်ကြားပို့ချပေးရာ မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများမှ သင်တန်းနည်းပြ ဆရာ/ဆရာမ ၁၀၀ ဦး တက်ရောက်ခဲ့ကြသည်။
အဆိုပါ စတုတ္ထတန်း (Grade-4) သင်ရိုးသစ် နည်းပြသင်တန်း Online Training တွင် General session ( အထွေထွေ/ ယေဘုယျအပိုင်း)၊ Myanmar (မြန်မာစာ)၊ English (အင်္ဂလိပ်စာ)၊ Mathematics (သင်္ချာ)၊ Science (သိပ္ပံ)၊ Social Studies (လူမှုရေး)၊ Life Skills (ဘဝတွက်တာ ကျွမ်းကျင်စရာ)၊ Morals and Civics (စာရိတ္တနှင့် ပြည်သူ့နီတိ)၊ Physical Education (ကာယပညာ)၊ Arts (Visual Arts and Performing Arts) (အနုပညာ- ပန်းချီ၊ အနုပညာ- ဂီတ) စသည့် ဘာသာရပ်များပါဝင်ပြီး ဇွန် ၁၂ ရက်မှ ၁၃ ရက် အထိ ၂ ရက်အကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။
ညောင်တုန်းမြို့နယ်တွင် စတုတ္ထတန်း (Grade-4) သင်ရိုးသစ် နည်းပြသင်တန်း ပြီးဆုံးပါက ယင်းသင်တန်းတက်ရောက်ခဲ့သော သင်တန်းနည်းပြ ၁၀၀ ဦးတို့သည် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ သင်တန်းသား ၁၀၀၀ ဦးတို့အား ဇွန် ၁၅ ရက်မှ ဇွန် ၂၁ ရက်ထိ Grade-4 Face to Face သင်တန်းအဖြစ် အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်းတို့တွင် ဆက်လက်သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဝဠာနိုင် (ညောင်တုန်း)