နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်များ ရရှိရေး

ကျန်းမာရေးဝန်ကြီးဌာနက အရည်အသွေးစစ်မှန်ကောင်းမွန် ပြီး ဘေးအန္တရာယ်ကင်းရှင်းသော အစားအသောက်များကို အများပြည်သူတို့ စားသုံးနိုင်ရန် ဈေးကွက်များတွင် ရောင်းချလျက် ရှိသော စားသောက်ကုန်များကို ဝယ်ယူစစ်ဆေးမှုများ စဉ်ဆက် မပြတ် ပြုလုပ်လျက်ရှိသည်ကို တွေ့ရှိရသည်။ ဆိုးဆေးပါဝင်၍ စားသုံးရန်မသင့်သော အစားအ‌သောက်များကိုလည်း မကြာခဏ အသိပေးကြေညာလျက်ရှိသည်။

ဆိုးဆေးနှင့် ဓာတ်ပြုထားသော အစားအသောက်များကို စားသုံးခြင်းဖြင့် အသည်း၊ ကျောက်ကပ်နှင့် အခြားကင်ဆာရောဂါ တို့ ဖြစ်စေနိုင်သည်ဟု ဆိုထားသည်။ ယနေ့စားသောက်နေသော အစားအသောက်များတွင် ဆိုးဆေးနှင့် အက်ဆစ်များ မည်မျှ ပါဝင်သည်ကို သတိပြုကြဖို့လိုပါမည်။

အစားအသောက်ထုတ်လုပ်ဖြန့်ဖြူးရောင်းချသူများသည် အစားအသောက်တွင် သုံးစွဲရန်ခွင့်မပြု‌သော ဓာတုဆိုးဆေးများ ကို လုံးဝ အသုံးမပြုရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက အမျိုးသားအစားအသောက် ဥပဒေပုဒ်မ- ၂၈ (က) အရ တရားစွဲ အရေးယူခံရမည်ဖြစ်သည်။

ရန်ကုန်မြို့နေ ပြည်သူများအတွက် ကျန်းမာရေးနှင့်ညီညွတ် သော စားသောက်ကုန်ပစ္စည်းများ ဝယ်ယူစားသောက်နိုင်ရေး အတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ပြည်သူ့ ကျန်းမာရေးဌာနမှ စားသောက်ကုန်ပစ္စည်းများအား ကျန်းမာရေး နှင့်ညီညွတ်မှု ရှိ ၊ မရှိ စစ်ဆေး ဆောင်ရွက်လျက်ရှိသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ပြည်သူ့ ကျန်းမာရေးဌာနက စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ မြို့နယ် များမှ စားသောက်ဆိုင် မန်နေဂျာများအတွက် ဘေးအန္တရာယ် ကင်းရှင်း၍ စားသုံးရန်သင့်လျော်သော အစားအသောက်ရရှိရေး သင်တန်းအမှတ်စဉ် ၁/၂၀၂၂ ကို ဖွင့်လှစ်ပို့ချပေးခဲ့သည်။

ယင်းသင်တန်းတွင် အစားအသောက်များ၌ ဘက်တီးရီးယား ပိုးမွှားများ အရေးကြီးပုံ၊ ခွင့်မပြုဆိုးဆေးနှင့် Formalin အန္တရာယ်၊ အစားအသောက်ပြုပြင်ထုတ်လုပ်မှုနှင့် ဘေး အန္တရာယ်ကင်းရှင်းရေး၊ တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် အစား အသောက်ဆိုင်များ လိုက်နာရမည့်စည်းကမ်းချက်များ၊ မသန့်ရှင်းသော ရေမှတစ်ဆင့် ကူးစက်တတ်သော ရောဂါများ အကြောင်းကို ဆွေးနွေးပို့ချခဲ့သည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ တိရစ္ဆာန် ဆေးကုနှင့် ထုတ်လုပ်ရေးဌာနသည် ပြည်သူများ အစားအစာ ဘေးကင်းလုံခြုံစေရေးအတွက် အသားထုတ်လုပ်ရေးရုံ၊ စည်ပင်သာယာဈေးများတွင် အသားဆိုင်၊ ငါး၊ ပုစွန်၊ ကြက်၊ ဝက်၊ အမဲ၊ ဆိတ်ကို သန့်ရှင်းလတ်ဆက်မှု ရှိ ၊ မရှိ၊ ကျန်းမာရေး နှင့် ညီညွတ်မှု ရှိ ၊ မရှိ၊ တရားဝင်အသားရောင်းချမှု ရှိ ၊ မရှိ စစ်ဆေးကြပ်မတ် ဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ရာ ပြည်သူများ ကျန်းမာသုခပြည့်ဝရေး အစား အသောက်များသည် အဓိကကျလျက်ရှိရာ ထုတ်လုပ်သူများနှင့် စားသုံးသူများကပါ သတိပြု ဆင်ခြင်စေချင်ကြောင်း။     ။






အခြားဆက်စပ်သတင်းများ