နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘိုင်ယန်မြူးနစ် ဂိုးသမား အော်ရစ်ချ်ကို တစ်နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆို

နိုဝင်ဘာ   ၁၄

ဘိုင်ယန်မြူးနစ် အသင်း သည် ယခုနှစ် ဘောလုံးရာသီ ကုန်တွင် စာချုပ်သက်တမ်း ကုန်ဆုံးမည့် ဒုတိယဦးစားပေး ဂိုးသမား အော်ရစ်ချ်ကိုတစ်နှစ် သက်တမ်းတိုးစာချုပ် ချုပ်ဆို နိုင်ခဲ့ကြောင်း သိရသည်။

အသက် ၃၄ နှစ်အရွယ်ရှိ ဂိုးသမား အော်ရစ်ချ်သည် ဘိုင်ယန်မြူးနစ် အသင်းနှင့် ခြောက်နှစ်ကျော် လက်တွဲခဲ့ရာ ပြိုင်ပွဲစုံ ၈၆ ပွဲသာ ပါဝင်ကစား ခဲ့ရပြီး ၂၀၁၇-၂၀၁၈ ဘောလုံး ရာသီ ဂိုးသမားနူအာ ဒဏ်ရာ ရရှိနေသည့်အချိန်တွင် ပွဲအများ ဆုံး ကစားခဲ့ရသည်။

အော်ရစ်ချ်သည် ယခုနှစ် ဘောလုံးရာသီတွင် ပြိုင်ပွဲစုံ ၈ ပွဲသာ ပါဝင်ကစားခဲ့ရသော် လည်း Clean Sheet  သုံးကြိမ်နှင့် ပင်နယ်တီကာကွယ်မှု တစ်ကြိမ် ပြုလုပ်ထားနိုင်သည့်အတွက် အသင်း တာဝန်ရှိသူများက လာမည့် နွေရာသီတွင် စာချုပ် သက်တမ်း ကုန်ဆုံးတော့မည့် ယင်းကို တစ်နှစ်သက်တမ်းတိုးခဲ့ခြင်းဖြစ်သည်။

“အခုလို အသင်းနဲ့ဆက်လက် ပူးပေါင်းခွင့်ရတာ အတိုင်းမသိ ဝမ်းသာပါတယ်။ အသင်းက လိုအပ်တဲ့အချိန်အထိ ကျွန်တော် ဆက်ရှိနေမှာပါ။ နေ့စဉ်နေ့တိုင်း ဘယ်လိုတာဝန်တွေပေးပေး ကျွန်တော်တို့ အသင်းမှာရှိနေတဲ့ အဓိကရည်ရွယ်ချက်က အောင် မြင်မှုရရှိဖို့ပါ”ဟု ဂိုးသမား အော် ရစ်ချ်က ပြောသည်။

အော်ရစ်ချ်သည် ၂၀၀၇ ခုနှစ် က စတုဂတ်အသင်းနှင့်အတူ ကစားသမားဘဝကို စတင်ခဲ့ ပြီး ၂၀၁၅ ခုနှစ်တွင် ဘိုင်ယန် မြူးနစ်အသင်းသို့ ရောက်ရှိခဲ့ပြီး နောက် ဂိုးသမားနူအာ၏နောက် တွင် ဒုတိယဦးစားပေး ဂိုးသမား အဖြစ် ရှိနေသော်လည်း ပါဝင် ခွင့်ရသည့် ပွဲစဉ်တိုင်းတွင် အကောင်းဆုံး လက်စွမ်းပြသ နေသူဖြစ်သည်။   

             သူရိန်






အခြားဆက်စပ်သတင်းများ