နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မန်ယူအသင်းက ဖရက်ဒ်ကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာခွင့်ပြုပြီး မက်ဂွဲယားကို ရောင်းချမည်

နိုဝင်ဘာ   ၁၄

မန်ယူအသင်းနည်းပြ တန်ဟက် သည် ယခုနှစ် ဘောလုံးရာသီ ကုန်တွင် အသင်းနှင့် စာချုပ် သက်တမ်းကုန်ဆုံးမည့် ကွင်းလယ် ကစားသမား ဖရက်ဒ်ကိုအလွတ် ပြောင်းရွှေ့ကြေးဖြင့်လက်လွှတ် သွားမည့်အပြင် အသင်းခေါင်း ဆောင် ခံစစ်ကစားသမားမက်ဂွဲ ယားကိုလည်း ရောင်းချသွား မည်ဖြစ်ကြောင်း သိရသည်။

ဖရက်ဒ်သည် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်က ရှက်တာဒိုးနက် အသင်းမှ မန်ယူအသင်းသို့ ပြောင်းရွှေ့ကစားခဲ့သူဖြစ်ပြီး ယခုနှစ် ဘောလုံးရာသီအကုန် တွင် အသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးမည်ဖြစ်ကာ စာချုပ်ပါ အချက်အလက်များ အတိုင်း နောက်ထပ်တစ်နှစ် သက်တမ်း တိုးစာချုပ် ချုပ်ဆိုခွင့်ရှိနေသော် လည်း ခြေစွမ်းပိုင်း တည်ငြိမ်မှု မရှိသည့်အတွက် နည်းပြတန် ဟက်က အလွတ်ပြောင်းရွှေ့ ကြေးဖြင့် လက်လွှတ်သွားမည် ဖြစ်သည်။

ထို့ပြင် အသင်းခေါင်းဆောင် မက်ဂွဲယားသည် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်က စံချိန်တင် ပြေင်းရွှေ့ကြေး စတာလင်ပေါင် သန်း ၈၀ ဖြင့် လက်စတာ အသင်းမှ မန်ယူအသင်းသို့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး အသင်း တွင် ပုံစံကောင်း ပြသနိုင်ခြင်း မရှိသည့်အတွက် နည်းပြတန် ဟက်က စာချုပ်သက်တမ်းကျန် ရှိနေသော်လည်း ရာသီကုန်တွင် ထိုက်သင့်သည့် ပြောင်းရွှေ့ကြေး တစ်ရပ်ရရှိပါက ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။     

သူရိန်






အခြားဆက်စပ်သတင်းများ