နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဒုက္ခသည်လက်ခံရေး ကိုရိုနာဗိုင်းရပ်စ်ထိန်းချုပ်နိုင်မှ ပြန်လည်စတင်မည်

နေပြည်တော် ဇွန် ၁၃


ဘင်္ဂလားဒေ့ရှ်ရောက်ဒုက္ခသည်များ ပြန်လည်လက်ခံရေးအတွက် ကိုရိုနာဗိုင်းရပ်စ် ကာကွယ် ထိန်းချုပ်နိုင်ပြီ ဆိုမှသာ ပြန်လည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းရခိုင်ပြည်နယ်အတွင်းလူသားချင်း စာနာမှုအကူအညီ ထောက်ပံ့ပေးရေး၊ ပြန်လည်နေရာချထားရေးဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) ဒုတိယဥက္ကဋ္ဌ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက ပြောသည်။


နေပြည်တော် ပြန်ကြားရေးဝန်ကြီးဌာနတွင် ဇွန်လ ၁၂ ရက်ကကျင်းပပြုလုပ်သော လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနကတစ်နှစ်တာဆောင်ရွက်ချက်များနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။


နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးအစီအစဉ်ကိုလတ်တလောကိုရိုနာဗိုင်းရပ်စ်ကာလတွင် ဆိုင်းငံ့ထားသော်လည်း နှစ်နိုင်ငံသဘောတူစာချုပ်အတိုင်းဆောင်ရွက်နေပြီးအသင့် ဖြစ်အောင် ဆောင်ရွက်ထားကြောင်း၊ တစ်ဖက်နိုင်ငံကပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ပြီး ညှိနှိုင်းဆောင်ရွက်မှု များလည်း ပြုလုပ်နေကြောင်းသိရသည်။


ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းစဉ်ကိုအဟန့်အတား မဖြစ်ပေါ်စေသည့် အချိန်ကျမှသာ ရပ်ဆိုင်းထားပြီးနှစ်နိုင်ငံလက်ခံရေးအစီအစဉ်ကို ပြန်လည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒေါက်တာဝင်းမြတ်အေးက ပြောသည်။


ကမ္ဘာအနှံ့တွင် ကိုရိုနာဗိုင်းရပ်စ် စတင်ပျံ့နှံ့လာပြီးနောက် ပြီးခဲ့သည့်ဧပြီလဆန်းပိုင်းကစတင်ပြီးနေရပ် ပြန် လာကြသောဒုက္ခ သည်များလက်ခံရေးအစီအစဉ်ကိုမြန်မာအစိုးရကယာယီရပ်ဆိုင်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။


ထို့ကြောင့် Covid-19 ကာကွယ်ထိန်းချုပ်ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီကဇွန် ၁၀ ရက်က အသိပေးကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ကြောင်းသိရသည်။


အဆိုပါ ကြေညာချက်တွင် တရားဝင်လက်ခံရေးစခန်းမရှိသော နယ်စပ်ဝင်ပေါက်များက ဝင်ရောက် လာသူများရှိနေသည့်အတွက် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများဆောင်ရွက်ရာအဟန့်အတားများ ဖြစ်ပေါ်စေနိုင်သည့်အပြင် ရောဂါပြန့်ပွားမှုဖြစ်ပေါ်စေနိုင်သည်ဟု ပြည်ပနိုင်ငံ များက မြန်မာနိုင်ငံကိုမည်သူမဆို တရားမဝင် ဝင်ထွက်ပေါက်များက ဝင်ရောက်လျှင် တရားမဝင် ဝင်ရောက်ကြောင်းသိလျက်နှင့် လက်ခံခဲ့မည်ဆိုပါကသက်ဆိုင်ရာတည်ဆဲဥပဒေများနှင့်အညီအရေးယူခံရ မည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။                                                                                             


 မြင့်မြတ်အောင်မြင်






အခြားဆက်စပ်သတင်းများ