နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပဋိပက္ခဖြစ်ပွားနေသည့် နိုင်ငံများကို ကူညီရေးရန်ပုံငွေ ပိုမိုစုစည်းရန် ICRC ပန်ကြား

ဂျီနီဗာ  နိုဝင်ဘာ  ၁၃

ပဋိပက္ခဖြစ်ပွားနေသည့် နိုင်ငံ များအတွက် အကူအညီ ပိုမိုပေးအပ် နိုင်ရန် ကမ္ဘာ့ခေါင်းဆောင်များနှင့် စေ့စပ် ညှိနှိုင်းရေးမှူးများအနေဖြင့် ရာသီဥတုညီလာခံတွင် ရန်ပုံငွေ ပိုမို စုစည်းရန်လိုကြောင်း နိုင်ငံတကာ ကြက်ခြေနီကော်မတီ (ICRC) က ရာသီဥတုညီလာခံတွင် ပန်ကြားလိုက် သည်။ 

ယင်းသို့ ပဋိပက္ခများ ဖြစ်ပွားနေ သည့် နိုင်ငံများသည် ရာသီဥတု ပြောင်းလဲမှုဒဏ်ကို အဆိုးဆုံးခံစား ရသောနေရာများဖြစ်ပြီး ယီမင်၊ ဆိုမာလီယာ၊ အာဖရိက ဦးချို ဒေသကဲ့သို့ ပဋိပက္ခများ နှစ်ချီဖြစ်ပွား နေသည့် ဒေသများသည် စိန်ခေါ်မှု၊ ခက်ခဲကြမ်းတမ်းမှု၊   ဘေးဥပါဒ် ကျရောက်နိုင်မှု နှစ်ဆ မြင့်မားနေသည့် ဒေသများဖြစ်ကြောင်း ICRC ၏ ညွှန် ကြားရေးမှူးချုပ် ရောဘတ်မာဒီနီက ပြောသည်။ 

ထို့ကြောင့် ဆိုးရွားသည့် ရာသီဥတုပြောင်းလဲမှုဒဏ်ကို ခံနေရ သည့်နေရာများရှိ လူများ၏ ဆိုးရွား လွန်းသည့် အခြေအနေများကို မီး မောင်းထိုးပြရန် ICRC အနေဖြင့် ဆောင် ရွက်နေခြင်းဖြစ်ကြောင်း ယင်းက ပြော သည်။ 

လက်ရှိတွင် မစ္စတာမာဒီနီသည် ရာသီဥတုပြောင်းလဲမှုအရေး ဆွေးနွေး ပွဲ ညီလာခံသို့ တက်ရောက်ရန် အီဂျစ် နိုင်ငံရှိ  ရှမ်အယ်လ်ရှိတ်ခ်  အပန်း ဖြေစခန်းကို ရောက်ရှိနေကြောင်း သိရ သည်။

(ref: Reuters)






အခြားဆက်စပ်သတင်းများ