နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တရုတ်ထုတ် လျှပ်စစ်ကားများကို အမေရိကသို့ တင်ပို့ရန် တက်စလာ စီစဉ်

ရှန်ဟိုင်း  နိုဝင်ဘာ  ၁၂

တက်စလာ ကားကုမ္ပဏီသည် တရုတ်နိုင်ငံထုတ် လျှပ်စစ်ကားများကို အမေရိကသို့ တင်ပို့ရန် စီစဉ်နေ ကြောင်း ယင်းကုမ္ပဏီ၏ ထုတ်ပြန် ချက်အရ သိရသည်။

တက်စလာ ကားကုမ္ပဏီသည် တရုတ်အခြေစိုက် ကုန်ကြမ်းပေး သွင်းသူများက ထုတ်လုပ်သည့် ကားအစိတ်အပိုင်းများကို မြောက် အမေရိကရှိ ဒေသဆိုင်ရာ စည်းမျဉ်း များနှင့် ကိုက်ညီခြင်းရှိ၊ မရှိ လေ့လာ နေပြီး ကိုက်ညီပါက တရုတ်ထုတ် မော်ဒယ်ဝိုင် နှင့် မော်ဒယ်နံပါတ် ၃ ကားများကို လာမည့်နှစ်တွင် အမြန် ဆုံးရောင်းချရန် တင်ပို့မည်ဟု ၎င်း တို့က ဆိုသည်။ 

ထိုအစီအစဉ် အောင်မြင်ပါက ကနေဒါအထိ တင်ပို့ရန် လမ်းစပွင့် လာနိုင်ပြီး တရုတ်မှ အမေရိကသို့ တင်ပို့ရန် စီစဉ်နေရခြင်းသည် ဒေါ်လာနှင့် ယွမ် လဲလှယ်မှု၌ယွမ်က အသာရနေခြင်း၊ တရုတ်တွင် ကုန်ကြမ်းစရိတ် ပိုသက်သာခြင်းနှင့် တက်စလာနှင့် အမေရိက ရှိ ကားသစ် ဈေးနှုန်းများ မြင့်တက်လာ ခြင်းတို့ ကြောင့် ဖြစ်ကြောင်း သိရ သည်။

 (ref: CNA)






အခြားဆက်စပ်သတင်းများ