နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရှားပါးမျိုးစိတ် နားရွက်ရှည်ဇီးကွက်ကို ငါးဖမ်းသမားများ ကယ်တင်

အီဒင်ဘာ့ဂ်နိုဝင်ဘာ  ၁၃

ငါးဖမ်းသင်္ဘောတစ်စီးမှ သင်္ဘော သား များသည် စကော့တလန် ကမ်းခြေမှ ကီလိုမီတာ ၁၅၀ခန့် ကွာဝေးသော ပင်လယ်ပြင် တစ်နေ ရာတွင် ရှားပါးသက်ရှိ မျိုးစိတ် တစ်ခု ဖြစ်သည့် နားရွက်ရှည် ဇီးကွက် တစ်ကောင်ကို နိုဝင်ဘာ ၁၁ ရက် က ပင်လယ်စင်ရော်များ တိုက်ခိုက်နေခြင်းမှ ကယ်တင်လိုက် ကြောင်း သိရသည်။

ပင်လယ်စင်ရော်များ၏ ထိုးဆိတ်မှု ကြောင့် အဆိုပါဇီးကွက်တွင် ဒဏ်ရာ အချို့ရရှိထားသော်လည်း Benarkle အမည်ရှိ ငါးဖမ်းသင်္ဘောပေါ်မှ သင်္ဘော သားများက သင်္ဘောပေါ်တွင် ကောင်းမွန်စွာထားရှိကာ ခရီးစဉ် တစ်လျှောက် စောင့်ရှောက် ခေါ်ဆောင် သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါဇီးကွက်တွင် ရရှိထား သည့် ဒဏ်ရာများသည် စိုးရိမ်ဖွယ် မရှိကြောင်း နှင့် ၎င်းတို့သည် ပင်ပန်း နွမ်းနယ်နေသော်လည်း သင်္ဘော ပေါ်တွင် ပျော်ရွှင်စွာ ရှိနေကြောင်း သင်္ဘော သားတစ်ဦးက ပြောသည်။

အဆိုပါ နားရွက်ရှည်ဇီးကွက် မျိုးစိတ်သည် ဗြိတိန်နိုင်ငံတစ်နိုင်ငံလုံးတွင် အကောင်ရေစုံတွဲ ၁၁၀၀ မျှသာ ကျန်ရှိတော့ကြောင်း သိရသည်။

(ref: Daily Mail)






အခြားဆက်စပ်သတင်းများ