နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပြည်သူများအကျိုးဖြစ်ထွန်းစေမည့် လမ်း/တံတား

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းသည် တာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာ ၉ ရက်က ပဲခူးမြစ်ကူး သန်လျင်တံတားအမှတ် ၃ စီမံကိန်းလုပ်ငန်းခွင်ကို ရောက်ရှိ စစ်ဆေးခဲ့သည်။

အဆိုပါဆောင်ရွက်လျက်ရှိ ပဲခူးမြစ်ကူးသန်လျင်တံတား အမှတ် ၃ စီမံကိန်းလုပ်ငန်းကို ၂၀၁၉ ခုနှစ် ဇွန်လတွင် ဂျပန် နိုင်ငံချေးငွေဖြင့်တည်ဆောက်ခဲ့သည်။ ကိုဗစ်-၁၉ ရောဂါ အခြေအနေကြောင့် ယာယီရပ်နားထားခဲ့ရပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ လုပ်ငန်းများကိုစတင်ကာ အပိုင်း ၃ ပိုင်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ 

တံတားတည်ဆောက်ရေးလုပ်ငန်းများကို ဂျပန်နည်း ပညာဖြင့် ဂျပန်အတိုင်ပင်ခံ အင်ဂျင်နီယာများ၊ ဂျပန်နိုင်ငံမှ ဆောက်လုပ်ရေးပညာရှင်များနှင့်    တံတားဦးစီးဌာနမှ အင်ဂျင်နီယာပညာရှင်များ ပူးပေါင်းဆောင်ရွက်ရာ အပိုင်း ၃ လုပ်ငန်းခွင်၌ ၉၂ ရာခိုင်နှုန်းပြီးစီးနေပြီး အပိုင်း ၁၊ အပိုင်း ၂ လုပ်ငန်းခွင်များ ဆက်လက်တည်ဆောက်နေသည်။ 

ပဲခူးမြစ်ကူးသန်လျက်တံတားအမှတ် ၃ သည် လက်ရှိ အသုံးပြုနေသော ရန်ကုန်သန်လျင်တံတားအမှတ် ၁ ၏ အနီးတွင်တည်ရှိပြီး  ပင်မတံတားအရှည်  ၁၉၂၈ မီတာ၊ ယာဉ်သွားလမ်းအကျယ် ၂၄ မီတာယာဉ်လေးလမ်းသွားနှင့် သာကေတဘက်ခြမ်းချဉ်းကပ်တံတားအရှည် ၅၇၇ မီတာ သန်လျင်ဘက်ခြမ်းချဉ်းကပ်တံတားအရှည် ၁၈၈ မီတာရှိပြီး တံတား၏ခံနိုင်ဝန်မှာ ၇၅ တန်ဖြစ်သည်။ 

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက တည်ဆောက်နေသည့် တံတားကြီးပြီးစီးသွားပါက ဒေသ၏ လူမှုစီးပွား၊ ဘဝများဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါကြောင်း၊ ယာဉ်ကြောပိတ်ဆို့မှုလျော့နည်းသက်သာစေပြီး၊ ကုန်စည် စီးဆင်းမှုတွင် အဓိကအရေးပါသည့် ရန်ကုန်-သန်လျင်- သီလဝါ အထူးစီးပွားရေးဇုန်တို့ကို အလွယ်တကူဆက်သွယ် သွားလာနိုင်မည်ဖြစ်၍  ရေရှည်အသုံးပြုနိုင်ရန် သတ်မှတ် ထားသည့်စံချိန်၊ စံညွှန်းများနှင့်အညီ သတ်မှတ်ကာလအတွင်း ပြီးစီးအောင် တည်ဆောက်ကြရန် မှာကြားခဲ့သည်။

သို့ဖြစ်ရာ ပြည်သူများ အကျိုးဖြစ်ထွန်းစေမည့် လုပ်ငန်း များဖြစ်သော  မြစ်ကူးတံတားတည်ဆောက်ရေးလုပ်ငန်း များအား သတ်မှတ်စံချိန်စံညွှန်းများ ပြည့်မီစွာမြင့်သတ်မှတ် ကာလအတွင်း  ပြီးစီးအောင်  ကြိုးပမ်းလုပ်ဆောင်ရမည် ဖြစ်ပါကြောင်း။






အခြားဆက်စပ်သတင်းများ