နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လက်စတာအသင်းမှ ထွက်ခွာရန် တိုင်လီမန်း ဆုံးဖြတ်ထား

နိုဝင်ဘာ  ၁၃

လက်စတာအသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးတော့ မည့် ကွင်းလယ်ကစားသမား တိုင်လီမန်းကအသင်း၏စာချုပ် သစ်ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ ပြီး အလွတ်ပြောင်းရွှေ့ကြေး ဖြင့် ထွက်ခွာရန် ဆုံးဖြတ်ထား ကြောင်း သိရသည်။

အသက် ၂၅ နှစ်အရွယ်ရှိ ကွင်းလယ်ကစားသမား တိုင်လီ မန်းသည် ပြီးခဲ့သည့် ဘောလုံး ရာသီ အမှတ်ပေးပြိုင်ပွဲတွင် ၃၂ ပွဲ ပါဝင်ခဲ့ရာ သွင်းဂိုး၆ ဂိုး နှင့် ဂိုးဖန်တီးမှု လေးကြိမ်ထိ ပြုလုပ်၍ ခြေစွမ်းပြသမှုကြောင့် အာဆင်နယ် အသင်းအပါအဝင် ဥရောပထိပ်သီးကလပ်အသင်း များ၏ ကမ်းလှမ်းမှုကို ခံခဲ့ရ သော်လည်း ယင်းအနေဖြင့် စာချုပ်သက်တမ်း ကုန်ဆုံးချိန်မှ သာ အသင်းမှထွက်ခွာရန်ဆန္ဒ ရှိခဲ့ပြီး ယခုအခါအသင်း၏စာချုပ် သစ် ကမ်းလှမ်းမှုကို ငြင်းပယ်၍ လာမည့်နွေရာသီတွင် အလွတ် ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

“ပြီးခဲ့တဲ့ နွေရာသီကတော့ ကမ်းလှမ်းတဲ့အသင်းတွေအများ ကြီးရှိပေမယ့် အသင်းရဲ့အနာဂတ် အစီအစဉ်ကြောင့် လက်စတာ က ထွက်ခွာဖို့ ဆန္ဒမရှိခဲ့ပါဘူး။ ဒါပေမဲ့ ကျွန်တော့်အတွက်ဆိုး ရွားမှုတွေသာရှိခဲ့လို့ အသင်း မှာ ဆက်ရှိနေတာ အဓိပ္ပါယ် မရှိတော့ဘဲ နောင်တရမိပါ တယ်။ ဒါကြောင့် စာချုပ်သစ် ကမ်းလှမ်းမှုကို ငြင်းပယ်ပြီး ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တာပါ”ဟု တိုင်လီမန်းက ပြောသည်။

လက်ရှိတွင် အာဆင်နယ် အသင်း နည်းပြအာတီတာ က ကွင်းလယ်ပိုင်းအင်အား ဖြည့်တင်းရန် တိုင်လီမန်းကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူနိုင်ရေး ချိတ်ဆက်နေ ကြောင်းသိရသည်။

သူရိန်






အခြားဆက်စပ်သတင်းများ