နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဝုလ်ဗ်ကို အနိုင်ရပြီး အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်ထားသည့် အာဆင်နယ်

နိုဝင်ဘာ  ၁၃

ပရီးမီးယားလိဂ်ပွဲစဉ် ၁၆ ၏ ပွဲစဉ်တစ်ပွဲအဖြစ် ဝုလ်ဗ် အသင်းနှင့် အာဆင်နယ်အသင်း တို့ ယနေ့နံနက်အစောပိုင်းက မိုနီနက်စ် ကွင်း၌ ယှဉ်ပြိုင်ကစား ရာ အာဆင်နယ်အသင်းက ဝုလ်ဗ်အသင်းကို နှစ်ဂိုး၊ ဂိုးမရှိ ဖြင့် အနိုင်ရရှိသည်။

ပထမပိုင်းတွင် အာဆင်နယ် အသင်းက ဘောလုံးပိုင်ဆိုင်မှု အသာ၊ ကစားကွက်အသာဖြင့် ပွဲကို စိုးမိုးနိုင်ခဲ့သည်။ ဝုလ်ဗ် အသင်းက ခံစစ်အသားပေးပုံစံ ကစားခဲ့ပြီး တန်ပြန်တိုက်စစ်ဖြင့် သာ အာဆင်နယ်အသင်းကို ဖိအားပေးရန် ကြိုးပမ်းခဲ့သည်။

အာဆင်နယ်အသင်း၏ တောင်ပံကစားသမားများဖြစ် သည့် မာတင်နယ်လီနှင့်ဆာကာ တို့ ဝုလ်ဗ်အသင်းခံစစ်ကိုကျော် ဖြတ်ရန် ခက်ခဲနေခြင်းကြောင့် ထိရောက်သည့် ဂိုးပေါက်ခြိမ်း ခြောက်မှု အနည်းငယ်သာ ပြုလုပ်နိုင်ခဲ့သည်။ ဝုလ်ဗ်အသင်း က တန်ပြန် တိုက်စစ်ကတစ်ဆင့် အခွင့်အရေးများ ဖန်တီးနိုင်ခဲ့ သော်လည်း ဂိုးအဖြစ် ပြောင်းလဲ နိုင်ခြင်းမရှိသောကြောင့် ပထမ ပိုင်းတွင် ဂိုးမရှိသရေဖြင့် ပွဲပြီး ဆုံးခဲ့သည်။

ဒုတိယပိုင်းတွင်လည်း အာဆင်နယ်အသင်းကသာ ပွဲ ကို ထိန်းချုပ်ကစားသွားပြီးပွဲချိန် ကြာလာသည်နှင့်အမျှ ဝုလ်ဗ် အသင်း၏ ကစားအားကျဆင်း လာကာ အာဆင်နယ်အသင်း ၏ ဖိအားပေးခြင်းကိုသာ ခံခဲ့ ရသည်။ ပွဲချိန် ၅၅ မိနစ်နှင့် ၇၅ မိနစ်တွင် အိုဒီဂတ်က အာဆင်နယ်အသင်းအတွက် အနိုင်ဂိုးများကို သွင်းယူပေးခဲ့ပြီး လက်ကျန်မိနစ်များတွင်နှစ်သင်း စလုံး ထပ်မံဂိုးသွင်းယူနိုင်ခြင်း မရှိဘဲ ပွဲပြီးဆုံးခဲ့သည်။

အဆိုပါ ရလဒ်ကြောင့် အာဆင်နယ်အသင်းသည်ရမှတ် ၃၇ မှတ်ဖြင့် အမှတ်ပေးဇယား ကို ဆက်လက်ဦးဆောင်ထား ပြီး ဒုတိယနေရာမှ မန်စီးတီး အသင်းကို ငါးမှတ်ထိ ဖြတ်ထား နိုင်ခဲ့သည်။ အခြားပရီးမီးယား လိဂ်ပွဲစဉ်များတွင် ဘရန့်ဖို့ဒ် ကမန်စီးတီးကို နှစ်ဂိုး၊ တစ်ဂိုး၊ ဘုန်းမောက်က အဲဗာတန်ကို သုံးဂိုး၊ ဂိုးမရှိ၊ လီဗာပူးလ်က ဆောက်သမ်တန်ကို သုံးဂိုး၊တစ် ဂိုး၊ နော်တင်ဟမ်က ခရစ္စတယ် ပဲလေ့စ်ကို တစ်ဂိုး၊ ဂိုးမရှိ၊ စပါး က လိဒ်ကို လေးဂိုး၊ သုံးဂိုး၊ လက်စတာက ဝက်စ်ဟမ်းကိုနှစ် ဂိုး၊ ဂိုးမရှိ နှင့် နယူးကာဆယ်က ချဲလ်ဆီးကို တစ်ဂိုး၊ ဂိုးမရှိဖြင့် အသီးသီး  အနိုင်ရရှိသည်။

သူရိန်






အခြားဆက်စပ်သတင်းများ