နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တွစ်တာ ဒေဝါလီခံရနိုင်ကြောင်း စီအီးအို အီလွန်မတ်ခ် သတိပေး

နယူးယောက်  နိုဝင်ဘာ  ၁၂

လက်ရှိ  တွစ်တာ၏ စီအီးအို အီလွန်မတ်ခ်သည် တွစ်တာ အကြီး တန်းအရာရှိများ နုတ်ထွက်နေကြ သဖြင့် ကုမ္ပဏီသည် ဒေဝါလီခံရဖွယ် ရှိကြောင်း နိုဝင်ဘာ ၁၁ ရက်က ပြောကြားလိုက်သည်။ 

တွစ်တာ၏ ထိပ်တန်း လုံခြုံရေးနှင့် ဥပဒေ လိုက်နာရေး အရာရှိများသည် ပြီးခဲ့သည့်ရက်ပိုင်းက ၎င်းတို့ စိတ် သဘောအလျောက် ရာထူးက နုတ် ထွက်ခဲ့ကြသဖြင့်  တွစ်တာကို ဝယ်ယူ ပြီး နှစ်ပတ်အကြာတွင် ဒေဝါလီခံရ မည့် အခြေအနေများအတွက် ကြိုတင် ကာကွယ်နိုင်စွမ်းမရှိကြောင်း စီအီးအို အီလွန် မက်ခ်က ပြောကြားလာခြင်း ဖြစ်သည်။

ကုမ္ပဏီသည် လာမည့်ဘဏ္ဍာနှစ် တွင် ဒေါ်လာဘီလီယံပေါင်းများစွာ ဆုံးရှုံးနိုင်သည်ဟု  ၎င်းက အသိပေး ထားပြီး စီအီးအို အပြောင်းအလဲ ကာလတွင် ကြော်ငြာရှင်များလည်း ထွက်ခွာသွားသောကြောင့် တစ်နေ့ လျှင် ဒေါ်လာလေးသန်းကျော် ဆုံးရှုံး နေကြောင်း မတ်ခ်က ပြောသည်။ 

ထို့ပြင် ဝန်ထမ်းများကိုလည်း တစ်ပတ်လျှင် အနည်းဆုံး နာရီ လေးဆယ် ရုံးထိုင် အလုပ်လုပ်ရန်နှင့် ဝေးလံသော နေရာများက အလုပ်လုပ် ခြင်းကိုလည်း ခွင်မပြုတော့ကြောင်း စည်းကမ်းထုတ်ပြန်ထားသည်။

(ref:Bloomberg)






အခြားဆက်စပ်သတင်းများ