နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တရုတ်တွင် ကိုဗစ် တကျော့ပြန်ကူးစက်၊ မြို့တော်ပေကျင်း နှင့် မြို့ကြီးအချို့ အသွားအလာ ကန့်သတ်

ပေကျင်း  နိုဝင်ဘာ  ၁၂

တရုတ်နိုင်ငံတွင် ကိုဗစ်လှိုင်းသစ် တကျော့ပြန်  ကူးစက်မှုကြောင့် မြို့တော်ပေကျင်း အပါအဝင်မြို့ကြီး အချို့ရှိ ပန်းခြံများပိတ်ကာအခြား ကန့် သတ်ချက်များ ချမှတ်လိုက်ကြောင်း သိရသည်။

 တစ်နိုင်ငံလုံး ကူးစက်လူနာသစ် တစ်သောင်းကျော်လာပြီးနောက် မြို့တော်ပေကျင်းတွင် ယခုကဲ့သို့ ကန့်သတ်မှုများ ရှိလာသည့် အပြင် နိုင်ငံတောင်ပိုင်း Guangzhou နှင့် အနောက်ပိုင်း Chongqing မြို့များ တွင်လည်း လူ ငါးသန်းခန့် အသွားအလာ ကန့်သတ်ခံ ထားရကြောင်း သိရသည်။ 

နိုဝင်ဘာ ၁၁ ရက်က တစ်နိုင်ငံလုံး ကူးစက် သူပေါင်း ၁၀,၇၀၀ကျော်တွေ့ ရှိထားပြီး ယင်းတို့တွင် ပေကျင်းမှ ကူးစက်သူသစ် ၁၁၈ ဦး ပါဝင်ကြောင်း၊ အများစုသည် ရောဂါလက္ခဏာမပြ ခြင်းကြောင့် ပေကျင်း မြို့ခံ ၂၁ သန်းခန့် ကို နေ့စဉ် ရောဂါစစ်ဆေးနေရပြီး ကျောင်းစာများကို အွန်လိုင်း သင်ကြား မှုအဖြစ် ပြောင်းလဲထားကြောင်း သိရ သည်။

 အလားတူ ဆေးရုံဝန်ဆောင်မှုများ ကိုလည်း ကန့်သတ်ထားကာ ဈေးဆိုင် နှင့် စားသောက်ဆိုင်များလည်း ပိတ် ထားပြီး ဝန်ထမ်းအချို့ကို သီးခြား ခွဲ၍ နေခိုင်းထားကြောင်း သိရသည်။  အမေရိကန်သံရုံးကမူ အမေရိကန် နိုင်ငံသားများ တရုတ်နိုင်ငံသို့ မသွားရန် နှင့် မဖြစ်မနေလိုအပ်မှသာ ခရီးသွား ကြရန် ယခု ရက်သတ္တပတ်အတွင်းထပ်မံ ကြေညာထားသည်။           

(ref: AFP)






အခြားဆက်စပ်သတင်းများ