နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အရှေ့တီမောကို အာဆီယံအဖွဲ့ဝင်အဖြစ် မူအားဖြင့် အသိအမှတ်ပြု

ဖနွမ်းပင်  နိုဝင်ဘာ  ၁၂

အရှေ့တီမောကို အာဆီယံ၏ ၁၁ နိုင်ငံမြောက်အဖွဲ့ဝင်နိုင်ငံအဖြစ် မူအရ လက်ခံမည်ဖြစ်ကြောင်း နိုဝင်ဘာ ၁၁ ရက်က ဖနွမ်းပင်၌ ပြုလုပ်သည့် အာဆီယံထိပ်သီးအစည်းအဝေး၌ အရှေ့ တောင်အာရှနိုင်ငံခေါင်းဆောင်များက ကြေငြာချက်ထုတ်ပြန်သည်။ 

အရှေ့တီမောအနေဖြင့် အဖွဲ့ဝင် အပြည့်အဝဖြစ်မှုအတွက် လိုက်နာရမည့် အခြေခံစံနှုန်း သတ်မှတ်ချက်များရှိပြီး အဆိုပါ သတ်မှတ် ချက်များကိုပြည့် မီရန် ကျန်အဖွဲ့ဝင်နိုင်ငံများနှင့် ပြင်ပ သက်ဆိုင်သူများအားလုံးကလိုအပ် သောစွမ်းရည်မြှင့်တင်ရေး အကူအညီ နှင့် အခြားပံ့ပိုးကူညီမှုများပေးခြင်း ဖြင့် တီမောကို အပြည့်အဝ ထောက်ခံ အားပေးကြမည်ဖြစ်ကြောင်း သိရသည်။ 

လူဦးရေ ၁ ဒသမ ၃၇ သန်းရှိသော တီမောသည် အင်ဒိုနီးရှားထံမှ ၂၀၀၂ ခုနှစ်တွင် လွတ်လပ်ရေးရရှိခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် အာဆီယံအဖွဲ့ဝင်ဖြစ်ရန် တရားဝင်လျှောက်ထားခဲ့သည်။ 

အာဆီယံအဖွဲ့အား ၁၉၆၇ ခုနှစ်၌ စင်ကာပူ၊မလေးရှား၊အင်ဒိုနီးရှား၊ ထိုင်းနှင့် ဖိလစ်ပိုင် စသည့် အဖွဲ့ဝင် ၅ နိုင်ငံဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၈၄ ခုနှစ်တွင် ဘရူနိုင်းကိုလည်းကောင်း၊ ၁၉၉၅ ခုနှစ်တွင် ဗီယက်နမ်ကို လည်း ကောင်း၊၁၉၉၇ ခုနှစ်တွင် မြန်မာ နှင့်လာအိုတို့ကို လည်းကောင်း အဖွဲ့ ဝင်နိုင်ငံများအဖြစ် သတ်မှတ်ခဲ့ပြီး ကမ္ဘောဒီးယား သည် ၁၉၉၉ ခုနှစ်တွင် အာဆီယံအဖွဲ့ဝင်နိုင်ငံ ဖြစ်လာကြောင်း သိရသည်။                     

  (ref : CNA)






အခြားဆက်စပ်သတင်းများ