နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အင်္ဂလန်တွင် ဆေးရုံတက်ခွင့်ရရန် စောင့်ဆိုင်းနေသည့် လူနာစာရင်း စံချိန်တင်

လန်ဒန်  နိုဝင်ဘာ  ၁၂

အင်္ဂလန်နိုင်ငံ၏ အစိုးရပိုင် ကျန်းမာရေးစင်တာတွင် ဆေးကုသ မှုခံယူရန် စောင့်ဆိုင်းနေသော လူနာ စာရင်းသည် ၇ ဒသမ ၁ သန်းဖြင့် စံချိန် တင် အမြင့်ဆုံးဖြစ်လာကြောင်း နိုဝင်ဘာ ၁၁ ရက် တရားဝင်ကိန်းဂဏန်းများတွင် ဖော်ပြချက်အရ သိရသည်။

အမျိုးသား ကျန်းမာရေး ဝန်ဆောင် မှုဌာန သည် ကိုဗစ်လက်ကျန် အလုပ် ကြွေးများကို ဖြေရှင်းရန် ရုန်းကန် နေရသောကြောင့် ကင်ဆာ အပါအဝင် ဆေးစစ်ခြင်းများ၊ ပုံမှန်ကုသမှုများနှင့် အရေးပေါ်စောင့်ရှောက်မှုများ ပြုလုပ် နိုင်ရန် လူနာများအား အချိန် အတော် ကြာ စောင့်ဆိုင်း ခိုင်းထား ရကြောင်း သိရသည်။ 

ထို့ကြောင့် ပြီးခဲ့သည့် အောက် တိုဘာ က ဆေးရုံတက် ကုသမှုခံယူ ရန် စောင့်ဆိုင်းသူစာရင်းသည် ၇ ဒသမ ၁ သန်းအထိ မြင့်တက်လာပြီး ၂၀၀၇ ခုနှစ်တွင် စတင် စစ်တမ်း ကောက်ယူပြီးနောက်ပိုင်း အမြင့်ဆုံး ဖြစ်လာကြောင်း သိရသည်။ 

ပျမ်းမျှအားဖြင့် စာရင်းသွင်းထားသူ ၁၈ ဦးလျှင် တစ်ဦးသည် ဆေးရုံ တက် ကုသမှုခံယူရန် အတွက် တစ်နှစ် ကျော်ကြာ စောင့်ဆိုင်း နေရ ကြောင်း၊ အင်္ဂလန်တွင် ဆောင်းဝင်လာသည်နှင့် အမျှ တုပ်ကွေးရောဂါ ကဲ့သို့ ရာသီ ဗိုင်းရပ်စ်ပိုးများ တိုးလာသည့်အပြင် ဆေးရုံဝန်ထမ်းများ၏ လုပ်ခလစာ တိုးမြှင့်ပေးရေး ဆန္ဒပြပွဲ များကြောင့် လူနာနှင့် ဝန်ထမ်း မျှတမှုမရှိဘဲ ယခု ကဲ့သို့ ဆက်လက်ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။

(ref- CNA)






အခြားဆက်စပ်သတင်းများ