နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမေရိကန် သမ္မတနှင့် တရုတ်သမ္မတ လူကိုယ်တိုင်တွေ့ဆုံမည်

ဝါရှင်တန် နိုဝင်ဘာ  ၁၂

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့သည် နိုဝင်ဘာ ၁၄ ရက်တွင် အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်း၌ ကျင်းပမည့် စီးပွားရေး အင်အားကြီးနိုင်ငံ G-20 ထိပ်သီး အစည်းအဝေးတွင် မျက်နှာချင်းဆိုင် တွေ့ဆုံမည်ဖြစ်ကြောင်း အိမ်ဖြူတော် က ထုတ်ပြန်ကြေညာသည်။  

ယင်း တွေ့ဆုံမှုသည် ၂၀၂၁ ခုနှစ် ဇန်နဝါရီက အမေရိကန် သမ္မတ ရွေးကောက် တင်မြှောက်ပြီး နောက် ပိုင်း  ကမ္ဘာ့စီးပွားရေးအင်အားကြီး နှစ်နိုင်ငံ ခေါင်းဆောင်များကြား ပထမဆုံး အကြိမ် လူကိုယ်တိုင် တွေ့ဆုံ မှုဖြစ် ကြောင်း အိမ်ဖြူတော် အမျိုးသား လုံခြုံရေး အကြံပေး ဂျိတ်ဆူလီဗန်က ပြောသည်။

အိမ်ဖြူတော်အနေဖြင့် ယင်း ဆွေးနွေးပွဲကိုစီစဉ်ရန် ပြီးခဲ့သည့် သီတင်းပတ်များအတွင်း တရုတ်အရာ ရှိများနှင့် ညှိနှိုင်းဆွေးနွေးခဲ့ခြင်း ကြောင့်  ခေါင်းဆောင် နှစ်ဦးကြား မျက်နှာချင်းဆိုင်ဆွေးနွေးပွဲသည် အလွန်အရေးကြီးကြောင်း မစ္စတာ ဆူလီဗန်က ပြောသည်။ 

သမ္မတဘိုင်ဒန်ကမူတရုတ်သမ္မတ ရှီနှင့် တွေ့ဆုံသည့်အခါ  အမေရိကန် နှင့် တရုတ်ကြား တင်းမာမှုများ မြင့် တက်နေသည့် အခြေအနေများအပြင် ကုန်သွယ်ဆိုင်ရာ မူဝါဒများ၊ လက်ရှိ ကမ္ဘာ့နိုင်ငံရေး  အခြေအနေနှင့် ပတ်သက်၍ တရုတ်အစိုးရ၏ ရပ်တည် ချက်များနှင့်ပတ်သက်ပြီး ဆွေးနွေးသွား မည် ဖြစ်ကြောင်း ပြောကြားထားသည်။

(ref: AP)






အခြားဆက်စပ်သတင်းများ