နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နွေအတွက်၊ ရေမခက်ရေးဆောင်ရွက်ပေး

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနက ရေအရင်းအမြစ်နည်းပါးပြီး အမှန်တကယ်ရေလိုအပ်သည့်ကျေးရွာများတွင် ဒေသခံ ပြည်သူများနှင့် ကျွဲ၊ နွားတိရစ္ဆာန်များ သောက်သုံးရေအတွက် အထောက်အကူပြုစေရန် ရေရရှိရေးအကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိသည်။ 

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ရွာပုလဲလေးကျေးရွာ၌တူးဖော်ပြီး ရေကန်ငယ်ကို နိုဝင်ဘာ ၁၁ ရက်က ကျေးရွာရေကန်           ထိန်းသိမ်းစောင့်ရှောက်ရေးကော်မတီကို လွှဲပြောင်းပေးအပ် ပြီး၊ သဘာဝတောကျန်များ ထိန်းသိမ်းကာကွယ်ခြင်း၊ စိုက်ခင်း တည်ထောင်ခြင်း၊  ထင်းအစားထိုးလောင်စာ တိုးမြှင့်သုံးစွဲ ရေး၊ ရေရှိရေးအကောင်အထည်ဖော်ဆောင်ရွက်ခြင်း လုပ်ငန်းများကို အသိပညာပေးခဲ့သည်။ 

အလားတူ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP) ရန်ပုံငွေဖြင့် ကျေးလက်ရေရရှိရေးလုပ်ငန်းများကို ဆောင်ရွက်အကောင် အထည်ဖော်လျက်ရှိသည်။ 

ရေတွင်းရေကန်များအား လူထုအဖွဲ့အစည်းများဖြင့် သော်လည်းကောင်း၊ စက်ယန္တရားအကူအညီဖြစ်သော်လည်း ကောင်း၊ ဒေသဆိုင်ရာတာဝန်ရှိအဖွဲ့အစည်းများနှင့်သော် လည်းကောင်း၊ ရေချိုအရင်းအမြစ်များမဆုံးရှုံးစေရန် ဆည်၊ မြောင်း၊ ကန်၊ ချောင်းများအား ဆည်ဖို့ခြင်း၊ အသစ်တူးဖော် ခြင်း၊ ပြုပြင်ခြင်းလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်လျက်ရှိ သည်။

ကမ္ဘာ့လူဦးရေသည် လျင်မြန်စွာတိုးပွားလာမှုနှင့် ရာသီ ဥတုပြောင်းလဲမှုတို့ကြောင့် ရေသယံဇာတရှားပါးမှုသည် အရေးကြီးသောစိန်ခေါ်မှုတစ်ရပ်ဖြစ်ကြောင်း ရေအရင်းအမြစ် နှင့်ပတ်သက်၍ အသိပေးထုတ်ပြန်အသိပေးထားသည်။

ယနေ့ကြုံတွေ့နေရသော သောက်သုံးရေရှားပါးလာခြင်း၊ ရေထွက်များခန်းခြောက်လာခြင်း၊ မြေအောက်ရေများဆုတ် ယုတ်လာခြင်းတို့ကို သက်ဆိုင်ရာများက ပူးပေါင်းပါဝင်ခြင်း ဖြင့် အစိမ်းရောင်ဖွံ့ဖြိုးရေးကို အထောက်အပံ့ဖြစ်ရာ၊ နိုင်ငံ အတွက် အရေးကြီးသောစိုက်ပျိုးရေးအတွက် လည်းကောင်း၊ သောက်သုံးရေအတွက်လည်းကောင်း လိုအပ်သောရေချို အရင်းအမြစ်များကို နည်းမျိုးစုံဖြင့်ထိန်းသိမ်းကာ အကျိုးရှိစွာ သုံးစွဲစေချင်ကြောင်း တိုက်တွန်းနှိုးဆော်ရပါသည်။






အခြားဆက်စပ်သတင်းများ