နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကမ္ဘာ့ဖလားပြိုင်ပွဲ ကစားပေးရန် ဩစတြေးလျအသင်း ကမ်းလှမ်းမှု ဘိုပါတို ပယ်ချ

နိုဝင်ဘာ  ၁၂

ဩစတြေးလျနိုင်ငံဘောလုံး အဖွဲ့ချုပ်က ၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲ၌ ဩစတြေးလျအသင်း အတွက် ကစားပေးရန်ကွင်း လယ်ကစားသမားဘိုပါတိုကို တောင်းဆိုမှု ပြုလုပ်ခဲ့သော် လည်း ပယ်ချခံခဲ့ရသည်။

အသက် ၁၈ နှစ်အရွယ်ရှိ ဘိုပါတိုသည်ယခုနှစ်ဘောလုံး ရာသီတွင် ရိုးမားအသင်း၌ နည်းပြ မော်ရင်ဟိုလက်အောက် တွင် ကြယ်ပွင့်ကစားသမား အဖြစ် သတ်မှတ်ခံထားရသည့် အတွက် ဩစတြေးလျနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က အသင်း ကစားသမား စာရင်းတွင်ရွေး ချယ်ရန် တောင်းဆိုခဲ့ခြင်း ဖြစ် သည်။

ဘိုပါတိုသည် မိဘများက အီတလီနိုင်ငံသားများ ဖြစ်ကြ သော်လည်း ယင်းကို ဩစတြေး လျနိုင်ငံ၊ ဆစ်ဒနီမြို့တွင် မွေး ဖွားခဲ့ခြင်းဖြစ်ပြီး ငယ်စဉ်က ဩစတြေးလျနိုင်ငံတွင် နေထိုင် ခဲ့သည့်အတွက် အီတလီအသင်း နှင့် ဩစတြေးလျအသင်း နှစ် သင်းစလုံးအတွက် နိုင်ငံပြိုင်ပွဲ များတွင် ကိုယ်စားပြု ပါဝင်ခွင့် ရရှိနေသူဖြစ်သည်။

ယင်းသည် နိုင်ငံလက်ရွေး စင်အသင်းအဖြစ် အီတလီ ယူ-၂၁ အသင်းတွင် ပါဝင်ကစားခဲ့ သော်လည်း လက်ရှိအချိန်ထိ စီနီယာ အသင်းကြီးနှင့် ပါဝင် ခြင်း မရှိသေးသည့်အတွက် ဩစတြေးလျအသင်းတွင်ကိုယ် စားပြုပါဝင်ခွင့်ရှိနေသောကြောင့် ဩစတြေးလျနိုင်ငံ ဘောလုံး အဖွဲ့ချုပ်က ၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲအတွက် အပြီးသတ်ကစား သမားစာရင်း မထုတ်ပြန်မီ ဘိုပါတိုကို အကြိမ်ကြိမ် ကမ်း လှမ်းမှု ပြုလုပ်ခဲ့သော်လည်း ငြင်းပယ်ခဲ့ခြင်းဖြစ်သည်။  

သူရိန်






အခြားဆက်စပ်သတင်းများ