နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပြင်သစ်အသင်း ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မည့် ကစားသမားစာရင်း ထုတ်ပြန်

နိုဝင်ဘာ  ၁၁

ပြင်သစ်လက်ရွေးစင်အသင်း နည်းပြဒေးရွှမ့်သည်ကမ္ဘာ့ ဖလားပြိုင်ပွဲဝင်မည့် ကစား သမား ၂၅ ဦးစာရင်းကိုထုတ်ပြန် ကြေညာခဲ့သည်။

ပြင်သစ်အသင်းသည်ကွင်း လယ်ပိုင်းတွင် ကစားသမား သစ်များပါဝင်လာခဲ့ပြီး အဓိက ကွင်းလယ် ကစားသမားများ ဖြစ်သည့် ပေါ့ဂ်ဘာနှင့် ကန်တီ တို့မှာ ဒဏ်ရာပြဿနာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မည့် အခွင့် အရေးနှင့် လွဲချော်ခဲ့ရသည်။

ပြင်သစ်အသင်း၏ကမ္ဘာ့ ဖလားပြိုင်ပွဲဝင်မည့် ကစား သမား ၂၅ ဦးစာရင်းတွင် ဂိုးသမားနေရာ၌ လိုရစ်၊အော် ရိုလာ နှင့် မန်ဒန်ဒါတို့ပါဝင် လာခဲ့ပြီး ခံစစ်ကစားသမား စာရင်းတွင် လူးကပ်စ်ဟာနန် ဒက်ဇ်၊ သီအိုဟာနန်ဒက်ဇ်၊ ကင်ပန်ဘီ၊ ကိုနာတေး၊ကူအန် ဒီ၊ ပါဗက်၊ ဆလီဘာ၊ အူပါမီ ကာနိုနှင့်ဗာရန်းတို့ ပါဝင်လာ ခဲ့သည်။

ထို့ပြင် ကွင်းလယ်ကစား သမားစာရင်းတွင် ကာမာဗင်ဂါ၊ ဖိုဖာနာ၊ ဂွမ်ဒူဇီ၊ ရာဘီရော့တ်၊ တူချယ်မန်နီနှင့်ဗာရက်အောက်တ်တို့ ပါဝင်လာခဲ့ပြီး တိုက်စစ် ကစားသမားစာရင်းတွင် ဘန်ဇီ မာ၊ ကိုးမန်း၊ ဒမ်ဘီလီ၊ ဂျရူးဒ်၊ ဂရစ်ဇ်မန်း၊ အမ် ဘတ်ပီနှင့် အန်ကွန်ကူတို့ ပါဝင်ကြောင်း သိရသည်။

သူရိန်






အခြားဆက်စပ်သတင်းများ