နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘိုင်ယန်မြူးနစ်အသင်း ဂိုးသမား နူဘယ်ကို အငှားထပ်မံစေလွှတ်ရန် စီစဉ်

နိုဝင်ဘာ  ၁၁

မိုနာကိုအသင်းသို့ အငှား စာချုပ်ဖြင့် စေလွှတ်ထားသည့် ဂိုးသမား နူဘယ်ကို ဘောလုံး ရာသီကုန်ဆုံးချိန်တွင် ဘိုင်ယန် မြူးနစ်အသင်းက ပြန်လည်ခေါ် ယူရန် ပြင်ဆင်နေသော်လည်း ကစားသမားကအသင်းနှင့် ပူးပေါင်းရန် ဆန္ဒမရှိသော ကြောင့် ထပ်မံအငှားချထားရန် စီစဉ်လျက်ရှိသည်။

နူဘယ်သည် မိုနာကို အသင်းတွင် လက်စွမ်းပြကစား နေသော်လည်း ရာသီကုန်တွင် မိုနာကိုအသင်းနှင့် အငှားစာ ချုပ် ကုန်ဆုံးမည်ဖြစ်၍ဘိုင်ယန် မြူးနစ်အသင်း အားကစား ဒါရိုက်တာ ဆာလီဟာမီဇစ်က စာချုပ်ကုန်ဆုံးပါက အသင်းနှင့် ပြန်လည်ပူးပေါင်းရန် ဆွေးနွေး ခဲ့ရာ ယင်းက ပွဲထွက်ခွင့်အတွက် ဂိုးသမား နူအာ၏နောက်တွင် ဒုတိယ ဂိုးသမားအဖြစ်သာ ပါဝင်ရမည်ဖြစ်သောကြောင့် အသင်းနှင့် ပူးပေါင်းမှုကို ငြင်း ပယ်ခဲ့သည်။

ထို့ပြင် ဘိုင်ယန်မြူးနစ် အသင်းနှင့် ၂၀၂၅ ခုနှစ်တွင် စာချုပ်ကုန်ဆုံးမည့် ဂိုးသမား နူဘယ်ကို အားကစားဒါရိုက်တာ က အနာဂတ်တွင် နူအာ၏နေရာ တွင် အစားထိုးရန် စာချုပ်သက် တမ်းတိုးနိုင်ရေး ကြိုးပမ်းနေ သော်လည်း နူဘယ်က စာချုပ် သစ်ချုပ်ဆိုရန် ဆန္ဒမရှိဘဲ အသင်းမှ ထွက်ခွာခွင့်ပြုရန် တောင်းဆိုထားကြောင်း သိရ သည်။

သူရိန်






အခြားဆက်စပ်သတင်းများ