နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရုရှား နှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် အသင့်ရှိကြောင်း ယူကရိန်းသမ္မတ ပြော

ကီယက်ဗ်  နိုဝင်ဘာ  ၁၁

ရုရှားအနေဖြင့် ယူကရိန်း၏ တောင်းဆိုမှုများကို လိုက်နာမည် ဆိုပါက ငြိမ်းချမ်းရေးဆွေးနွေးရန် အသင့်ရှိကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇာလန်စကီး က ပြောကြား လိုက်သည်။ 

ယူကရိန်းတောင်းဆိုသည့်အချက် များတွင် ရုရှားသိမ်းပိုက်ထားသော လယ်ယာ မြေများအားလုံး ပြန်လည် ပေးအပ်ရေး၊ စစ်ပွဲပျက်စီး မှုများ အတွက် လျော်ကြေးငွေနှင့် စစ်ရာ ဇဝတ်မှုများအတွက် တရားစွဲဆိုခြင်း များ ပါဝင်ကြောင်းယူကရိန်း သမ္မတ ဇာလန်စကီးက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာ နှောင်း ပိုင်း က ယူကရိန်းဒေသ လေးခု ကို ရုရှားက သိမ်းပိုက်ခဲ့ ခြင်း ကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးတော့မည် မဟုတ်ကြောင်း ယူကရိန်းဘက်က ထုတ်ပြန်ခဲ့သော်လည်း လက်ရှိတွင် သမ္မတဇာလန်စကီးက တောင်းဆို ချက်များနှင့်အတူ စစ်မှန်သည့် ငြိမ်းချမ်းရေးကို ဆွေးနွေးလိုကြောင်း တစ်ဖန် ပြောကြားလာခြင်း ဖြစ်သည်။  အနောက်နိုင်ငံများ၏ လက်နက် ထောက်ပံ့မှု ရရှိနေ သည့် ယူကရိန်းသည် ရုရှား၏ ကျူး ကျော်မှုများကို တွန်းလှန်ရန်အသင့် ရှိနေပြီး စစ်ရေးအကူအညီ အများ ဆုံး ရရှိနေသည့် အမေရိကန်သည် လည်း ယူကရိန်း အတွက် အဓိက အားထားရသည့် နိုင်ငံတစ်ခုဖြစ်နေ ကြောင်း နိုင်ငံရေးလေ့လာ သုံးသပ် သူများက ပြောသည်။ ယူကရိန်းအရေး နှင့်ပတ်သက်ပြီး  အမေရိကန် ကွန်ဂရက်လွှတ်တော်တွင် တစ်ဖက် သတ်ထောက်ခံမှု ရရှိထားသော်လည်း လက်ရှိ အမေရိကန်၏ ကြားဖြတ် ရွေးကောက်ပွဲတွင်  ရီပတ်ဘလစ် ကန်ပါတီ အနိုင်ရသွားမည်ဆိုပါက ယူကရိန်းထံ အကူညီပေးအပ်မှုများကို လျှော့ချခြင်း သို့မဟုတ် လုံးဝရပ်တန့် သွားခြင်းများ ဖြစ်လာနိုင်ကြောင်း ဝါရှင်တန်ပို့စ် သတင်းစာတွင် ရေးသား ဖော်ပြထားသည်။

(ref: AP)






အခြားဆက်စပ်သတင်းများ