နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ချားလ်စ်ဘုရင်အား ကြက်ဥဖြင့် ပစ်ပေါက်သူအဖမ်းခံရ

လန်ဒန် နိုဝင်ဘာ  ၁၁

အင်္ဂလန်မြောက်ပိုင်းသို့ ရောက်ရှိ နေသည့် တတိယမြောက် ချားလ်စ် ဘုရင်နှင့် ၎င်း၏ကြင်ယာတော် ကင်မလာတို့ကို ကြက်ဥများဖြင့် ပစ်ပေါက်ခဲ့သူအား ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း နိုဝင်ဘာ ၁၀ ရက်တွင် သတင်းထုတ် ပြန်သည်။

 တော်ဝင်ခရီးစဉ်ဖြင့် အင်္ဂလန် သို့ ရောက်ရှိလာသည့် ဘုရင်ကြီး နှင့်မိဖုရားထံသို့ လူတစ်ဦးက ကြက်ဥလေးလုံးဖြင့် ပစ်ပေါက်ခဲ့ သော်လည်း ၎င်းတို့အား မထိဘဲ လွတ်သွားကြောင်း လူမှုကွန်ရက်တွင် တင်ထားသော ဗီဒီယိုဖိုင်များအရ သိရသည်။ ယင်းသို့ လုပ်ဆောင်ခဲ့သည့် အသက် ၂၃ နှစ်အရွယ် အမျိုးသား ကို အများပြည်သူ  ဥပဒေချိုး ဖောက်မှုဆိုင်ရာပြစ်မှုဖြင့် ဖမ်းဆီး ထိန်းသိမ်းထားကြောင်း ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြ ထားပြီး ၎င်းအားလက်ရှိအချိန်အထိ ရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း သိရသည်။

(ref : Reuters)






အခြားဆက်စပ်သတင်းများ