နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဖလော်ရီဒါသို့ အပူမုန်တိုင်း နီကိုးလ် ချဉ်းကပ်

ဖလော်ရီဒါ  နိုဝင်ဘာ  ၁၁

အပူပိုင်းမုန်တိုင်း နီကိုးလ်သည် အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် ကို ချဉ်းကပ်လာနေကြောင်း နိုဝင်ဘာ ၁၀ ရက် သတင်းများ တွင် ဖော်ပြချက် အရ သိရသည်။ 

အဆိုပါ အပူပိုင်း မုန်တိုင်းသည် ဟာရီကိန်းအဖြစ် ပြောင်းလဲလာနိုင် ကြောင်း မိုးလေဝသ ပညာရှင်များ က ခန့်မှန်းထားကာ နီကိုးလ်မုန်တိုင်း ချဉ်းကပ်လာခြင်းကြောင့် ဖလော်ရီဒါ ရှိ လေဆိပ်များ ပိတ်ထားရပြီး အမေရိကန် သမ္မတဟောင်း ဒေါ်နယ် ထရမ့်၏ စံအိမ် အပါအဝင် ဒေသခံများကို ရွှေ့ပြောင်း ရန် ညွှန်ကြားချက် ထုတ်ပြန်ထား ကြောင်း သိရသည်။ 

ပြည်နယ်အုပ်ချုပ်ရေးမှူးအနေဖြင့် လေပြင်းတိုက်မည်ကို အထူးစိုးရိမ်ရပြီး လျှပ်စစ်မီး ပြတ်တောက်မှုများလည်း ဖြစ်လာနိုင်သည့် အတွက် လျှပ်စစ် မီးပြတ်တောက်ခဲ့ပါက အမြန်ဆုံး ပြင်ဆင်နိုင်ရန်အတွက် ဝန်ထမ်း အင်အား ၁၆,၀၀၀ ကျော်ကို အသင့်အနေ အထား ပြင်ဆင်ခိုင်းထားကြောင်း သိရ သည်။

ထို့ပြင် အစောင့်တပ်သား ၆၀၀ နှင့် မြို့ပြရှာဖွေကယ်ဆယ်ရေး အဖွဲ့ များကိုလည်း အသင့်အနေအထား ထားရှိကြောင်း ၊ အပူပိုင်း မုန်တိုင်း နီကိုးလ်ကြောင့် ဖလော်ရီဒါတွင် လေဆင်နှာမောင်း တိုက်ခတ်ခြင်း နှင့် ရုတ်တရက် ရေကြီး ရေလျှံခြင်းများ လည်း ကြုံတွေ့ ရနိုင်ကြောင်း  သတိပေး ချက်ထုတ်ပြန်ထားသည်။    

(ref: AFP)






အခြားဆက်စပ်သတင်းများ