နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
COP27 ညီလာခံတွင် ကုလအထွေထွေအတွင်းရေးမှူးချုပ် မိန့်ခွန်းမှားဖတ် ၊ ပရိသတ်ကို တောင်းပန်

ရောမ နိုဝင်ဘာ  ၁၁

ကုလသမဂ္ဂ အထွေထွေအတွင်း ရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ် သည် အီဂျစ်နိုင်ငံတွင် ကျင်းပနေ သည့် COP27 ရာသီဥတု ညီလာခံတွင် ယင်းနှင့်မဆိုင်သော မိန့်ခွန်း အစပိုင်း ကို မှားဖတ်မိပြီး မှားမှန်းသိသည်နှင့် တစ်ပြိုင်နက်ရယ်မောကာ ဧည့်ပရိသတ် ကို တောင်းပန်လိုက်ကြောင်း သိရသည်။

 အဆိုပါ ညီလာခံတွင် ကာဗွန်ထုတ် လွှတ်မှု ခြေရာခံခြင်းနှင့်ပတ်သက်၍ အမေရိကန် ဒုသမ္မတဟောင်း အယ်လ်ဂိုးနှင့် အစည်းအဝေးသို့ တက် ရောက်လာသော ကိုယ်စားလှယ်များ ဆွေးနွေးကြရမည့် အစည်းအဝေး အစ ပိုင်းတွင် ဂူတာရက်စ်က အဖွင့်မိန့်ခွန်းပြောကြားရခြင်းဖြစ်သည်။ 

အဖွင့်မိန့်ခွန်းတွင် ဂူတာရက်စ်က ကမ္ဘာကြီးသည် ရာသီဥတုအကျပ် အတည်းကို ရင်ဆိုင်ရာတွင် ပြိုင်ဆိုင်မှု များ ရှိသော်လည်း မျှော်လင့်ချက်ရှိ ကြောင်း၊ မိမိတို့အနေဖြင့် ဆုံးဖြတ်ချက် များချမှတ်ရာတွင် မဆုတ်မနစ်ဆောင်ရွက်နေခြင်းကြောင့် ဝမ်းသာမိကြောင်း စသည်ဖြင့် မိန့်ခွန်းအစပိုင်းတွင် ပြောကြားပြီးနောက် အခန်းအနား နှင့် မသက်ဆိုင်သော မိန့်ခွန်းကိုဖတ် မိနေမှန်း ရိပ်မိသွားပြီး မိန့်ခွန်းဖတ် ခြင်းကို ရပ်နားလိုက်သည်။

 ထို့ နောက် မိန့်ခွန်းမှားဖတ်မိ ကြောင်း ရယ်မောကာပြောကြားပြီး နောက် တာဝန်ရှိသူများက မိန့်ခွန်း အမှန်ကို  ယူဆောင်လာကြရာအစည်း အဝေးခန်းမတွင်း စုဝေးရောက် ရှိနေကြသော ကိုယ်စားလှယ်များက လက်ခုတ်တီးကာအားပေးကြသည်။ ယခုမိန့်ခွန်း ပြောကြားပြီးလျှင် ယင်းသည် လူငယ်အဖွဲ့များနှင့် တွေ့ဆုံရမည် ဖြစ်သဖြင့် အဆိုပါ တွေ့ဆုံပွဲတွင် ပြောကြား ရမည့် မိန့်ခွန်းကို မှားယွင်းဖတ်မိခြင်းဖြစ် ကြောင်း  ဂူတာရက်စ်က ဧည့်ပရိသတ် အား တောင်းပန် ရှင်းပြခဲ့ကြောင်း သိရသည်။

(ref:Yahoo)






အခြားဆက်စပ်သတင်းများ