နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တိုကျိုဒစ္စနေးလန်းတွင် ခရစ္စမတ်ရာသီ စတင်

တိုကျို နိုဝင်ဘာ  ၉

ဂျပန်နိုင်ငံ၊ တိုကျိုမြို့တော်အနီး ချိဘခရိုင်ရှိ တိုကျိုဒစ္စနေးလန်းတွင် ရိုးရာခရစ္စမတ်သစ်ပင်များနှင့် အလှ ဆင်ယင်ကာ ခရစ္စမတ်ရာသီကို စတင် နေပြီ ဖြစ်ကြောင်း သိရသည်။

တိုကျိုဒစ္စနေးလန်းကို ၁၉၈၃ ခုနှစ် က စတင်ဖွင့်လှစ်ခဲ့ကာ  ကမ္ဘာတွင် အမေရိကန်ပြည်ထောင်စုပြီးပါက ပထမဆုံးဖွင့်လှစ်ခဲ့သည့် ဒစ္စနေး အပန်းဖြေပန်းခြံ ဖြစ်ပြီး ဖွင့်လှစ်ပြီး ဆယ်စုနှစ်များစွာကြာသည်အထိ နာမည်ကျော် ဇာတ်ကောင်များနှင့် ပရိသတ်များကို ဖျော်ဖြေပေးလျက်ရှိ သည်။

လက်ရှိတွင်  ဒစ္စနေးပရိသတ် လူငယ်များသာမက လူကြီးများပါ ဗဟိုရင်ပြင်တွင် ချီတက် အလှပြပွဲ များကို ကြည့်ရှုရန် တဖွဲဖွဲရောက် ရှိလာပြီး ဒစ္စနေးပန်းခြံတွင် Frozen ဇာတ်ကောင် အယ်လ်ဆာ၊ မီကီး မောက်စ်နှင့် မီနီမောက်စ်၊  ဒေါ်နယ်လ် ဒက်ခ်နှင့်   အခြားစိတ်ကူးယဉ် ကာတွန်းဇာတ်ကောင်များစွာက နှာခေါင်းစည်းတပ်ထားသည့် ဧည့် သည်များကို ကြိုဆိုနေကြောင်း သိရ သည်။ 

ကိုဗစ်ကပ်ဘေး မပြီးဆုံးသေး သည့်အတွက် ပန်းခြံကို လာရောက် လည်ပတ်သူများနှင့် ဝန်ထမ်းများ သည် နှာခေါင်းစည်း မဖြစ်မနေ တပ် ထားရမည်ဖြစ်ကာ တိုကျိုဒစ္စနေလန်း သည် ကမ္ဘာတွင် လာရောက်လည် ပတ်သူ တတိယအများဆုံး ပန်းခြံ ဖြစ်ပြီး ၂၀၁၉ ခုနှစ်က ဧည့်သည် ၁၈ သန်းနီးပါးအထိ ရှိခဲ့ကြောင်း သိရ သည်။

 ၂၀၂၀ ပြည့်နှစ်တွင်မူ ကိုဗစ်ကပ် ဘေးကြောင့် ဧည့်သည်အရေအတွက် ၄ ဒသမ ၁ သန်းသာရှိခဲ့ပြီး ၇၇ ရာခိုင် နှုန်း လျော့ကျသွားကာ ယခုနှစ်တွင် မူ ကိုဗစ်အားဖြည့် ကာကွယ်ဆေး ထိုးထားသည့် ဧည့်သည်များနှင့် ဗိုင်းရပ်စ်စစ်ဆေးမှု ခံယူထားသည့် ဧည့်သည်များကို  လက်မှတ်ခ ၂၀ ရာခိုင်နှုန်း လျှော့ပေးမည်ဟု ကြေညာ ထားကြောင်း သိရသည်။

(ref: AFP)






အခြားဆက်စပ်သတင်းများ