နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တရုတ်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအသစ် ထပ်မံတွေ့ ၊ နေရာအများစု ပိတ်ဆို့ထား

ပေကျင်း နိုဝင်ဘာ  ၉

တရုတ်အာဏာပိုင်များသည် ဒေသတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အသစ် ၆၄ ခုကို တွေ့ရှိပြီးနောက် နေထိုင်သူအများအပြားကို ကူးစက် ခံရခြင်း ရှိ၊မရှိ စမ်းသပ်ကာ အဆောက် အအုံများ၊ လူနေရပ်ကွက်များနှင့် ခရိုင်များကို ပိတ်ဆို့လိုက်ကြောင်း သိရသည်။

ကမ္ဘာ့ ဒုတိယအကြီးဆုံး စီးပွား ရေးနိုင်ငံဖြစ်သည့် တရုတ်သည် ယင်း၏ ကိုဗစ်-၁၉ ကပ်ရောဂါ ထိန်း ချုပ်ရေး မူဝါဒကို ဖြေလျှော့ရန် ပြင်ဆင် နေသည်ဆိုသော ကောလာဟလ များကြောင့် ၂ နှစ်ကျော်အတွင်း တရုတ် စတော့ရှယ်ယာများ၏ အပတ်စဉ် အမြတ်ငွေသည် အကြီးမားဆုံး မြင့် တက်လျက်ရှိရာ ယခုကဲ့သို့ သတင်း ထွက်ပေါ်လာခြင်းသည် စတော့ရှယ် ယာနှုန်းထားကို ထိခိုက်လာနိုင်ကြောင်း စီးပွားရေးပညာရှင်များက ဆိုသည်။

တရုတ်နိုင်ငံတစ်ဝန်း ကူးစက်မှု အသစ်များကြောင့် နိုဝင်ဘာ ၈ ရက်တွင် ၇,၄၇၅ ဦးအထိ မြင့်တက်လာကာ ယင်းသည် မေလ ၁ ရက်နောက်ပိုင်း အမြင့်ဆုံးဖြစ်ပြီး နိုဝင်ဘာ ၇ ရက်တွင်မူ တစ်ရက်အတွင်း အသစ်ကူးစက်ခံဦးရေ ၅,၄၉၆ ဦး ရှိကြောင်း တရုတ်ကျန်းမာရေး အာဏာပိုင်အဖွဲ့က ပြောသည်။

(ref:CNN)






အခြားဆက်စပ်သတင်းများ