နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အာဂျင်တီးနားနိုင်ငံသား ၆၀၀၀ ခန့် ကမ္ဘာ့ဖလား ဘောလုံးကွင်းသို့ ဝင်ရောက်ခွင့် ပိတ်ပင်

ဗျူနိုအေးရိစ်  နိုဝင်ဘာ  ၉

အာဂျင်တီးနားအစိုးရသည် ကာတာရှိ ကမ္ဘာ့ဖလား ဘောလုံးကွင်း များအတွင်းသို့  ဝင်ရောက်ခွင့် ပိတ်ပင်ခံရသည့်  အာဂျင်တီးနား နိုင်ငံသား ၆,၀၀၀ ၏ အမည်စာရင်း ကို နိုဝင်ဘာ ၈ ရက်တွင် ထုတ်ပြန်လိုက် သည်။

ပိတ်ပင်ခံရသူများတွင် တရား မဝင်သည့် အဖွဲ့များနှင့် ပတ်သက် နေသူများ၊  ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့သူများ၊ တားမြစ်ထား သော လမ်းဘေး စီးပွားရေး လုပ်ငန်း များတွင် ပါဝင်နေသူများ၊ ကလေး စရိတ် အကြွေးတင်နေသော ကွာရှင်း မိဘများပါဝင်ကြောင်း သိရသည်။

ထို့ပြင် ကာတာတွင် လုံခြုံရေးနှင့် ထိန်းသိမ်းရေးတို့ လုပ်ဆောင်ရန် အတွက် နိုင်ငံအလိုက် မတူညီသည့် ရဲတပ်ဖွဲ့များမှ ကိုယ်စားလှယ်များကို စေလွှတ်ကာ ကာတာ လုံခြုံရေး အာဏာ ပိုင်များနှင့် လက်တွဲ လုပ်ဆောင် စေမည် ဖြစ်ကြောင်း အာဂျင်တီးနား အစိုးရအဖွဲ့ တာဝန်ရှိသူက ဆိုသည်။

ပိတ်ပင်ခံရသော အာဂျင်တီးနား နိုင်ငံသား ၆၀၀၀ တွင် .၃၀၀၀ ခန့် သည် ဒေသတွင်းပွဲစဉ်များ၌လည်း ဝင်ရောက်ခွင့် တားမြစ်ခံထားရသူများ ဖြစ်ကြောင်း သိရသည်။     

(ref : CNA)






အခြားဆက်စပ်သတင်းများ