နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဝန်ထမ်း ထောင်နှင့်ချီ လျှော့ချမည်ဟု Meta ကုမ္ပဏီ ကြေညာ

ဝါရှင်တန်  နိုဝင်ဘာ  ၉

ဖေ့ဘွတ်ခ်၏ မိခင်ကုမ္ပဏီ Meta သည် ပြီးခဲ့သည့်လက ၎င်း၏ ဈေးကွက်တန်ဖိုး ကန်ဒေါ်လာ ၈၀ ဘီလီယံကို ဆုံးရှုံးပြီးနောက် ယခုအခါ ရုံးဝန်ထမ်းများကို  ထောင်နှင့်ချီ၍ လျော့ချသွားရန် ပြင်ဆင်နေကြောင်း နိုဝင်ဘာ ၈ ရက်က ကြေညာလိုက်သည်။

လျှော့ချမည့် ဝန်ထမ်းများကို နိုဝင်ဘာ ၁၀ ရက်တွင် ကြေညာသွား မည်ဖြစ်ပြီး ကမ္ဘာတစ်ဝန်းရှိ Meta ကုမ္ပဏီဝန်ထမ်း ၈၀၀၀ ကျော်ကို ဖြုတ်ချသွားမည်ဟု ခန့်မှန်းထား ကြောင်း သိရသည်။

အဆိုပါ သတင်းနှင့် ပတ်သက်၍ Meta ဘက်က အတည်ပြုရန် ငြင်းဆို ထားသော်လည်း စီအီးအို ဇူကာဘတ် ကမူ ရင်းနှီး မြှုပ်နှံမှုများကိုသာ အာရုံ စိုက်သွားမည်ဟု ပြောကြားမှုများ ရှိနေကြောင်း ကမ္ဘာ့သတင်းများတွင် ဖော်ပြသည်။

ထို့ပြင် စီအီးအို ဇူကာဘတ်အနေဖြင့် လာမည့် ၂၀၂၃ ခုနှစ်တွင် Meta ကုမ္ပဏီ အဖွဲ့အစည်းကို လက်ရှိထက် ပိုမို ချုံ့ပစ် နိုင်ရန် မျှော်မှန်းထားသည်ဟု ပြော ကြားထားခြင်းကြောင့် အချို့သော ဌာန ကြီးများတွင် ဝန်ထမ်းအချို့ ဖြုတ်ချ ခံရနိုင်ကြောင်း သိရသည်။   

(ref: AP






အခြားဆက်စပ်သတင်းများ