နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမေရိကန် ကြားဖြတ်ရွေးကောက်ပွဲ စတင်

ဝါရှင်တန် နိုဝင်ဘာ  ၉

ဒီမိုကရက်တစ်သမ္မတ ဂျိုးဘိုင်ဒင် နှင့် ရီပတ်ဘလစ်ကန် သမ္မတဟောင်း ဒေါ်နယ်ထရမ့်တို့   ထိပ်တိုက် တွေ့ဆုံမှုများ  ရှိလာသော်လည်း အမေရိကန်ပြည်ထောင်စု၏ ကြား ဖြတ်ရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်တွင် စတင်လိုက်ပြီ ဖြစ်သည်။

ယခု ကြားဖြတ်ရွေးကောက်ပွဲ သည် သမ္မတရာထူးအပြောင်းအလဲ အတွက် ဆန္ဒမဲပေးရမည်မဟုတ်ဘဲ အောက်လွှတ်တော်အမတ်ရာထူးများ နှင့် ပြည်နယ်အုပ်ချုပ်ရေးမှူး ရာထူးများ အတွက် အဓိကထားယှဉ်ပြိုင်ရမည် ဖြစ်သည်။

သို့ရာတွင် အဆိုပါရွေးကောက်ပွဲ ကသာ အမေရိကန်၏ ရှေ့ဆက်ရ မည့် အနာဂတ်၊ သမ္မတ၊  ပါတီနှစ်ရပ် ၏ လွှမ်းမိုးနိုင်စွမ်းနှင့် လက်ရှိသမ္မတ ဂျိုးဘိုင်ဒင်၏ အောင်မြင်မှု ကျရှုံးမှုများ ကို ဆုံးဖြတ်ပေးသွားမည်ဖြစ်သည်။ 

ထို့ပြင် ကြားဖြတ်ရွေးကောက်ပွဲတွင် အမတ်နေရာများ ပိုရသည့်ပါတီသည် အစိုးရအဖွဲ့တွင်း ဩဇာလွှမ်းမိုးခွင့်နှင့် စုံစမ်းစစ်ဆေးပိုင်ခွင့်များလည်း ရရှိမည်ဖြစ်သည့်အတွက် အများစု ခန့်မှန်းထားသကဲ့သို့ ထရမ့်၏ ပါတီ သာ အားသာသွားပါက လက်ရှိ အစိုးရ အဖွဲ့သည် စုံစမ်းစစ်ဆေးမှုများနှင့် ရင်ဆိုင်ရနိုင်ချေရှိကြောင်း သိရသည်။

ယခု ကြားဖြတ် ရွေးကောက်ပွဲသည် ဂျိုးဘိုင်ဒင်၏ သမ္မတရာထူးအပေါ် တိုက်ရိုက်ခြိမ်းခြောက်မှုမရှိသော် လည်း သမ္မတရာထူးသက်တမ်းနှစ်နှစ် ရှိပြီဖြစ်သည့်  ဘိုင်ဒင်အပေါ် အမေရိကန် ပြည်သူများ ကျေနပ်မှုရှိ၊ မရှိဆိုသည်ကို အဆုံးအဖြတ် ပေးသွား မည်ဖြစ်ကြောင်း သိရသည်။

(ref: BBC)






အခြားဆက်စပ်သတင်းများ