နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
International Series Morocco ချန်ပီယံဆု ဂျန်းဝက်တာနာနွန် ဆွတ်ခူး

နိုဝင်ဘာ ၉

မော်ရိုကိုနိုင်ငံတွင်ကျင်းပခဲ့ သည့် International Series Morocco ဂေါက်သီးရိုက်ပြိုင်ပွဲ တွင် ထိုင်းဂေါက်သီးရိုက်ကစား သမား ဂျန်းဝက်တာနာနွန်က ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲတွင်ဂျန်းဝက် တာနာနွန်က သတ်မှတ်ရိုက် ချက်ထက် ၁၂ ချက်လျှော့ရိုက် ကာချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ ခြင်းဖြစ်ပြီးကနေဒါ ဂေါက် သီး ရိုက်ကစားသမားရစ်ချက် ကစုစုပေါင်းသတ် မှတ်ရိုက်ချက် ထက် ၁၁ ချက် လျှော့ရိုက်ကာ အမှတ်ပေးဇယား ဒုတိယနေရာ တွင် ရပ်တည်နိုင်ခဲ့သည်။

ထို့ပြင် စပိန် ဂေါက်သီးရိုက် ကစားသမား ဒေးဗစ်ပက်က သတ်မှတ် ရိုက်ချက်ထက် ၁၀ ချက်လျှော့ရိုက်ကာ အမှတ်ပေး ဇယားတတိယနေရာတွင် ရပ် တည်နိုင်ခဲ့သည်။ “သုံးနှစ်လောက် ရလဒ် ကောင်းရဖို့ ရုန်းကန်ခဲ့ရ သလိုအောင်မြင်မှုတွေနဲ့လဲဝေး ကွာ ခဲ့ရတာတွေကနေရုန်းထွက် ပြီး ချန်ပီယံဆုကိုဆွတ်ခူးနိုင်ခဲ့ တာ ကျွန်တော့်အတွက်တော့ ဘာနဲ့မှမတူတဲ့ ပျော်ရွှင်မှုကို ခံ စားရပါတယ်။ ပုံစံကောင်းတွေ ပြန်ရခဲ့တယ်ဆိုပေမယ့် အမှား အယွင်းတွေတော့ ရှိနေဆဲပါပဲ။ 

ကျွန်တော့်အနေနဲ့ အကောင်း  ဆုံးပုံစံကို ဆက်လက်ထိန်း သိမ်းနိုင်အောင် ကြိုးစားသွားမှာ ပါ” ဟု ဂျန်းဝက်တာနာနွန်က ပြောသည်။

ချန်ပီယံဆုကိုဆွတ်ခူးနိုင်ခဲ့ သည့် ဂျန်းဝက်တာနာနွန်သည် ဆုကြေးအဖြစ် အမေရိကန် ဒေါ် လာ ၁ ဒသမ ၅ သန်း ထိရရှိမည် ဖြစ်ကြောင်း သိရသည်။     

သူရိန်






အခြားဆက်စပ်သတင်းများ