နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မိုင်းယောင်း၌ လက်လုပ်ခေါက်ဆွဲချပ် ပြုလုပ်ရောင်းချသူများ မိသားစုစားဝတ်နေရေး အဆင်ပြေ

မိုင်းယောင်း     ဇွန်   ၁၃


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် တစ်ပိုင်တစ်နိုင်လက်လုပ်ခေါက်ဆွဲ ချပ် ပြုလုပ်ရောင်းချသူများနေ့စဉ်ဝင်ငွေရရှိပြီး မိသားစုစားဝတ်နေရေးအဆင်ပြေနေကြကြောင်း သိရသည်။


ယနေ့ခေတ်တွင် နည်းပညာများပြောင်းလဲတိုးတက်လာသော်လည်းလက်ဖြင့်ပြုလုပ်သည့် ခေါက်ဆွဲချပ် ကိုသာ လူအများပို၍ ကြိုက်နှစ်သက်ကြပြီး၊ မှာယူစားသုံးသူများအပေါ်မူတည်ပြီးတစ်နေ့ကို ဆန်(နို့ဆီဘူး)ငါးဘူးမှ အများဆုံးဆန် (နို့ဆီဘူး) ၁၀ ဘူးအထိကြိတ်ယူပြုလုပ်ရောင်းချရကြောင်း၊ တစ်နေ့လျှင် ကျပ် ၁၀၀၀၀ မှ ၁၅၀၀၀ အထိမိသားစုဝင်ငွေရရှိပြီးစားဝတ်နေရေးအဆင်ပြေကြောင်း လက်လုပ်ခေါက်ဆွဲချပ် ပြုလုပ်ရောင်းချသူများထံမှ သိရသည်။


ခေါက်ဆွဲချပ်ပြုလုပ်ရာတွင် ရေစိမ်ထားသည့် ဆန်ကိုကြိတ်ဆုံဖြင့်ကြိတ်၍  မုန့်နစ်ပြုလုပ်ပြီး ပုံစံခွက် စတီးပန်း၌  ဟင်းခပ်ယောက်မတစ်ခွန်းစာထည့်၍ နှံ့အောင်လှုပ်ရမ်းပြီးလျှင် ဆူပွက်နေသည့် ရေနွေးအိုးထဲထည့်၍ ပေါင်းခံပြုရခြင်းဖြစ်ပြီး၊ အဆိုပါပြုလုပ်ရရှိသည့် ခေါက်ဆွဲချပ်အဖြူကိုအစာပလာရောနှောပြုလုပ်ထားသည့် ပဲပုတ်နှင့်တို့စား၍လည်းကောင်း၊ ရှမ်းခေါက်ဆွဲအရည်အဖြစ် ဖျော်စပ်၍လည်းကောင်း အများဆုံးစားသုံးကြပြီး၊ မိုင်းယောင်းဒေသထွက် လူအများကြိုက်နှစ်သက်သည့် လက်လုပ်ခေါက်ဆွဲချပ်ဖြစ်ကြောင်း သိရသည်။


အားချာ(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ