နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမေရိကန် နှင့် ကမ္ဘောဒီးယား လူကုန်ကူးမှုပြဿနာ ပူးပေါင်းဆောင်ရွက်မည်

ဖနွမ်းပင်  နိုဝင်ဘာ  ၈

လူကုန်ကူးမှုတိုက်ဖျက်ရေးသည် နိုင်ငံတစ်ခုတည်းက အကောင်အထည် မဖော်နိုင် သောကြောင့် မှုခင်းနှိမ်နင်း ရေးတပ်ဖွဲ့ဝင်များအကြား ဒေသတွင်း နှင့် ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင် ရွက်မှုများ လိုအပ်ကြောင်း ကမ္ဘော ဒီးယားပြည်ထဲရေးဝန်ကြီး ဆာခန်က ပြောကြားလိုက်သည်။

ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် အွန်လိုင်းတွင်သာမက  မြေပြင်တွင်ပါ လူကုန်ကူးမှုတိုက်ဖျက်ရေး လှုပ်ရှား မှုများကို လုပ်ဆောင်နေပြီး အစိုးရသည် တရားမဝင်လောင်းကစားများကို တိုက် ဖျက်ရန်၊နိုင်ငံခြားအလုပ်သမားစစ်ဆေးရေး နှင့် ငွေကြေးခဝါချမှု တိုက်ဖျက် ရေးအပါအဝင် အရေးကြီးသောလုပ်ငန်းများကိုဆောင်ရွက်ထားကြောင်း မစ္စတာခန် က ပြောသည်။

ကမ္ဘောဒီးယားတွင် တရားမဝင် နိုင်ငံဖြတ်ကျော်ဝင်ရောက်ပြီး လခ ကောင်းဖြင့် အလုပ်လုပ်ရမည်ဟု ဆိုကာ  ပြစ်မှုကျူးလွန်သူများက အွန်လိုင်းမှတစ်ဆင့်  မက်လုံးပေး လိမ်လည်ခေါ်ဆောင်မှုများ အများ အပြား ဖြစ်ပွားလျက်ရှိသည်။

ကမ္ဘောဒီးယားဆိုင်ရာ အမေရိကန် သံအမတ်ကြီးကလည်း လူကုန်ကူးမှု တိုက်ဖျက်ရေးသည် ကမ္ဘာလုံးဆိုင်ရာ ပြဿနာဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများလိုအပ်သည်ဟု ထောက်ခံပြောကြားသည်။

လက်ရှိတွင် မစ္စတာ ခန်နှင့် ကန် သံအမတ်ကြီးတို့သည် အမေရိကမှ ကမ္ဘောဒီးယားနိုင်ငံသားများအား နေရပ်ပြန်ပို့ခြင်းအပါအဝင် အခြား ကိစ္စရပ်များကို ဆွေးနွေးထားကြပြီး ပူးပေါင်းဆောင်ရွက်မှုများကို ဆက် လက်မြှင့်တင်ရန် နှစ်ဖက်သဘောတူ ညီမှုများ ပြုလုပ်ထားကြောင်း သိရ သည်။

(ref: CNN)






အခြားဆက်စပ်သတင်းများ