နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တွစ်တာတွင် ဘလူးမတ်ခ် ရရှိရန် ငွေသုံးမည်မဟုတ်ဟု ပြင်သစ်ဝန်ကြီးပြော

ပါရီ နိုဝင်ဘာ  ၈

တွစ်တာအကောင့်ခိုင်မာရေးနှင့် ဘလူးမတ်ခ်ရရှိရန် တစ်လလျှင် ဒေါ်လာ ၇ ဒသမ ၉၉ ပေးရမည်ဟု သတ်မှတ်ထားသော်လည်း ယင်းကို ပေးဆောင်အသုံးပြုမည်မဟုတ် ကြောင်း ပြင်သစ်ကျန်းမာရေးဌာန ဝန်ကြီး ၊ အစိုးရပြောရေးဆိုခွင့်ရှိသူ တစ်ဦးဖြစ်သည့် မစ်ဆီယာအိုလီ ဗီယေးဗီရန်က ပြောသည်။ တွစ်တာ ဆိုရှယ်မီဒီယာပလက်ဖောင်း၏ ပိုင်ရှင်အသစ် အီလွန်မတ်ခ်၏ ရည်ရွယ်ချက် များနှင့် ပတ်သက်၍ စိုးရိမ်မှုများရှိနေသည်ဟု ယင်းက ဆိုသည်။

တွစ်တာက ချမှတ်လိုက်သော မူဝါဒအသစ်အရ ယခုမှစတင် အသုံးပြုသူများသည် သတ်မှတ် ဒေါ်လာပေးသွင်းရုံဖြင့် အနုပညာရှင်၊ ကုမ္ပဏီများနှင့် နိုင်ငံရေးသမား များကဲ့သို့ပင် ၎င်းတို့၏ အကောင့် နာမည်အနောက်တွင် ဘလူးမတ်ခ် ရရှိနိုင်ကြောင်း သိရသည်။

ယခု စီအီးအို အီလွန်မတ်ခ် မတိုင်မီက တွစ်တာအကောင့်ဘေးရှိ အဆိုပါ ဘလူးမတ်ခ် အပြာရောင် အမှတ်အသားသည် တွစ်တာ အကောင့်အားသုံးစွဲသည့် လူပုဂ္ဂိုလ် နှင့် လုပ်ငန်းများကို တွစ်တာဘက်က အသိအမှတ်ပြုထားခြင်းဖြစ်သော် လည်း ယခု ပိုင်ရှင် အပြောင်းအလဲ ကာလအပြီး မူဝါဒသစ်များကြောင့် ဆက်လက်အသုံးပြုရန် မသေချာ ကြောင်း မစ္စတာ မစ်ဆီယာဗီရန်က ပြောသည်။

တွစ်တာသည် ပြင်သစ် နိုင်ငံမှ အသုံးပြုသူပေါင်း ၁၀ သန်းကျော် ရှိသည့် အဓိကဆက်သွယ်ရေးမီဒီယာ တစ်ခုဖြစ်ကာ ပြင်သစ်သမ္မတ အပါအဝင် ဝန်ကြီးမစ်ဆီယာဗီရန် နှင့်အခြားပြင်သစ်အစိုးရ၊ သက်ဆိုင်ရာ အဖွဲ့အစည်းများ၊အဖွဲ့ဝင်များ အားလုံး သည်လည်း ကိုယ်ပိုင်တွစ်တာ အကောင့်နှင့် ဘလူးမတ်ခ်များရရှိ ထားကြောင်း သိရသည်။

(ref : Reuters)






အခြားဆက်စပ်သတင်းများ