နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပန်းတနော်မြို့နယ်တွင် ကွမ်းဈေးမကောင်းသဖြင့် ကွမ်းခြံစိုက်ပျိုးလုပ်ကိုင်နေသူများ စီးပွားရေးအခက်ကြုံတွေ့

ပန်းတနော်     ဇွန်   ၁၃


ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်တွင် ကွမ်းခြံစိုက်ပျိုးလုပ်ကိုင်နေသူများ ကွမ်းစျေးမကောင်း သဖြင့် စီးပွားရေးအခက်အခဲများကြုံတွေ့နေရကြောင်း ထိန်းကုန်းကျေးရွာရှိ ကွမ်းခြံစိုက်ပျိုးလုပ်ကိုင်သူ ဦးတင်ကြိုင်ထံမှ သိရသည်။


"ပန်းတနော်မြို့နယ်တွင် ကွမ်းခြံလုပ်ငန်းကိုစီးပွားဖြစ်အများဆုံးစိုက်ပျိုးလုပ်ကိုင်နေသူများဖြစ်ပြီး လက်ရှိ COVID-19 ရောဂါဖြစ်ပွားနေသည့်ကာလတွင် ကွမ်းစျေးမကောင်း၍ လူမှုစီးပွားရေးအခက်အခဲများတော့ ရှိပါတယ်။ မနှစ်က ဒီလိုအချိန်ဆိုရင် ကွမ်းစျေးကအထိုက်အသင့်လောက်စျေးကောင်းရတော့ ကွမ်းစိုက် တောင်သူများလူမှုစီးပွားရေးအဆင်ပြေပါတယ်။ အခုကလည်း ကိုယ်တစ်ဦးထဲမဟုတ်ဘဲ ကမ္ဘာ့နိုင်ငံတွေနဲ့ ချီပြီး ဒီရောဂါကပ်ကြီးကဖြစ်နေတာဆိုတော့ မတတ်နိုင်ဘူးလေ၊ မိုးပြိုတော့လဲအများပေါ့"ဟု ကွမ်းခြံ စိုက်ပျိုးလုပ်ကိုင်သူ ဦးတင်ကြိုင်က ပြောသည်။


ကွမ်းခြံစိုက်ပျိုးရာတွင် ကွမ်းညွန့်များကို ပုသိမ်၊ မြောင်းမြ စသည့်မြို့နယ်များတွင် သွားရောက်ဖြတ်ယူ စိုက်ပျိုးရပြီးကွမ်းခြံစိုက်ပျိုးရာတွင် ဝါး၊ အမိုးအကာအဖြစ် ကိုင်းရွက်စသည့်တို့ကို ဝယ်ယူရကာ ကွမ်းတစ်ခြံလျှင် ၂ သိန်းကျော်ခန့်ကုန်ကျကြောင်း သိရသည်။                                               

ပြည့်ဖြိုးကျော်(ပန်းတနော်)






အခြားဆက်စပ်သတင်းများ